အမေရိကန်အလယ်ပိုင်း ပြည်နယ်ခြောက်ခု၌ လေဆင်နှာမောင်းတိုက်ခတ်မှု လူ ၉၀ ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံး

ဝါရှင်တန်ဒီစီ ဒီဇင်ဘာ ၁၇

 

အမေရိကန်အလယ်ပိုင်း ပြည်နယ်ခြောက်ခုရှိ ဒေသအတော်များများတွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သဘာဝဘေးအန္တရာယ် ခံစားနေရသော ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာသတင်းတွင် ဖော်ပြထားသည်။

 

လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ အာကန်ဆာ၊ အီလီနွိုက်၊ မစ်ဆောရီ၊ မစ္စစ္စပီ၊ တန်နက်ဆီ တို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ကန်တက်ကီသည် လေဆင်နှာမောင်းတိုက်ခတ်မှုကို အဆိုးဆုံး ခံစားခဲ့ရသော ပြည်နယ်တစ်ခုဖြစ်ပြီး သေဆုံးသူ ၈၀ ကျော် အထိရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အီလီနွိုက်ရှိ အက်ဝက်ဒ်ပီလီတွင် လုံခြုံရေးနှင့် ကျန်းမာရေး အာဏာပိုင်များက လေဆင်နှာမောင်းကြောင့် အမေဇုန် ကုန်လှောင်ရုံပြိုကျမှုကို စစ်ဆေးလျက်ရှိသည်။ အဆိုပါခတ်မှုကြောင့် အမေဇုန်အလုပ်သမား ခြောက်ဦး သေဆုံးခဲ့သည်။

 

ထို့အပြင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော လူသေဆုံးနိုင်လောက်သည့် လေဆင်နှာမောင်း တိုက်ခတ်မှု သည် Great Plains ဒေသတွင် အားပျော့သွားနိုင်သည့် လက္ခဏာတစ်ခု ဖြစ်လာနိုင်ကြောင်း စီဘီအက်စ်က ဒီဇင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

 

ဆင်ဟွာ