အမေရိကန်၏ အတွေ့အကြုံအရှိဆုံး အာကာသယာဉ်မှူးကွယ်လွန်

ဝါရှင်တန် ၈ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာကာသ လွန်းပျံယာဉ် အပိုလိုနဲ့ လပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ အာကာသယာဉ်မှူး John Young ကွယ်လွန်သွားခဲ့ကြောင်း  ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။ John Young ဟာ အသက် ၈၇ နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့ သောကြာနေ့ညမှာ အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။  “နာဆာနဲ့ ကမ္ဘာကြီးအတွက် ရှေ့ဆောင်လမ်းပြတစ်ဦး ဆုံးရှုံးလိုက်ရသလိုပါပဲ သူဟာ အာကာသခရီးစဉ်တွေမှာ မျိုးဆက် သုံးဆက်ထိ လိုက်ပါခဲ့သူပါ။ အခြား အာကာသ ယာဉ်မှူးတွေအတွက် အကျအတူယူဖွယ်ပါ။ ကျွန်တော်တို့ သူ့ကို အမြဲအမှတ်ရနေမှာပါ” လို့ နာဆာ အကြီးအကဲတစ်ဦး ဖြစ်တဲ့  Robert Lightfoot ပြောကြားခဲ့ပါတယ်။

 

John Young ဟာ နာဆာရဲ့ အာကာသ လွန်းပျံယာဉ် အစီအစဉ်တွေမှာ ပထမဆုံးလိုက်ပါခဲ့တဲ့ အာကာသ ယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။ သူရဲ့ အာကာသခရီးစဉ် ၆ ကြိမ်ထိ ရှိခဲ့ပြီး ပထမဆုံး ခရီးစဉ်ဟာ ၁၉၆၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ ခရီးစဉ်ဟာ အာကာသလွန်းပျံယာဉ် အပိုလို လကမ္ဘာပေါ် ဆင်းသက်နိုင်ဖို့ ပထမဆုံး ရှေ့ပြေးခရီးစဉ် တစ်ခုဖြစ်ပြီး  ၁၉၆၆ ခုနှစ်မှာ နောက်တစ်ကြိမ် အာကာသကို ထွက်ခွာခဲ့ပါတယ်။

 

၁၉၆၉ မှာ အပိုလို ၁၀ အမည်ရှိ အာကာသလွန်းပျံယာဉ်နဲ့ လကမ္ဘာရဲ့ ပတ်လမ်းထဲကို ဝင်ရောက်နိုင်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာတော့ အပိုလို ၁၆ အမည်ရှိ အာကာသလွန်းပျံယာဉ် နဲ့ လကမ္ဘာပေါ်ကို ခြေချနိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒိနောက် John Young ဟာ ၁၉၈၁ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ နာဆာရဲ့ အာကာသအစီအစဉ်တွေမှာ လိုက်ပါခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှာတော့ အနားယူခဲ့ပါတယ်။

 

စိုးမိုးဇော်(MDN)
ကိုးကား - ဆင်ဟွာ