အမေရိကန်က အီရန်လိုလားသည့်  စစ်သွေးကြွများ၏ နေရာများကို တိုက်ခိုက်

၃၀ ဒီဇင်ဘာ

 

အီရန်နှင့် ဆီးရီးယားတို့က ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့၏ နေရာငါးခုကို စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

တနင်္ဂနွေနေ့အတွင်းက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အဆိုပါ နေရာများတွင် လက်နက်သို လှောင်ရုံများနှင့် ထိန်းချုပ်ကွပ်ကဲမှုဌာနတို့ပါဝင်ကြောင်း ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်နက်သန် ဟော့မင်းက ပြောကြားခဲ့သည်။ 

 

အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားသည့် အီရတ်နိုင်ငံမြောက်ပိုင်း စစ်ဘက်အခြေစိုက်စခန်းကို Kataib Hezbollah မှ ဒုံးကျည် ၃၀ကျော်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

 

Kirkuk အနီးတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး အမေရိကန်အဖွဲ့ဝင် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

 

Kataib Hezbollah သည် အီရန်တပ်များနှင့် ခိုင်မာသည့် ဆက်နွယ်မှုရှိပြီး အီရန်နိုင်ငံညွှန့်ပေါင်း တပ်ဖွဲများအား တိုက်ခိုက်ရန်အတွက် တီဟီရန်၏ ထောက်ခံမှုကို ရရှိထားသည်ဟု Hoffmanက မှတ်ချက်ပြုထားသည်။ 

 

အီရန်နိုင်ငံနှင့် ၎င်းတို့၏ ကိုယ်စားလှယ်တပ်ဖွဲ့များသည် အမေရိကန်နှင့် ညွှန့်ပေါင်း တပ်ဖွဲ့များအား တိုက်ခိုက်မှုကို ရပ်တန့်ရမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

 

အဆိုပါ တိုက်ပွဲမှာ အမေရိကန်နှင့်အီရန်တို့အကြား ဖြစ်ပေါ်နေသည့် တင်းမာနေသည့် ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေနိုင်သည်။ 
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်