အမေရိကန်က ဥရောပ၌ ဒုံးကျည်များ ဖြန့်ကြက်လာပါက ရုရှားတုံ့ပြန်မည်

မော်စကို ၁ ဇန်နဝါရီ 

 

အလယ်အလတ်အဆင့် နျူကလီးယားအင်အားစု သဘော တူညီစာချုပ် (INF) က ပိတ်ပင်တားမြစ်ထားသည့် အမေရိကန် ဒုံးကျည်များကို ဖြန့်ကြက်လာပါက ရုရှားအနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဘရော့က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း သိရသည်။ 

 

ရုရှားအပေါ် ကမ္ဘာ့နိုင်ငံရေးတွင် သိသာထင်ရှားသည့် ယှဉ်ပြိုင်ဘက်တစ်ခုဟု ရှုမြင်နေကြသူများထံမှ ဖိအားများ အဆက်မပြတ် ပေးလာမှုကို ရင်ဆိုင်နေရကြောင်း၊ အမေရိကန်၏ ပိတ်ဆို့မှုများသည် သာဓက တစ်ခုဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင် လက်ဘရော့က ဖြေကြားခဲ့သည်။ 

 

အနောက်နိုင်ငံ အများစုသည် အမေရိကန်၏ မူဝါဒများက ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည်ကို သိရှိလျက်နှင့်ပင် အမေရိကန်၏ မူဝါဒများကို ဆက်လက် လိုက်နာနေကြကြောင်း နျူကလီးယား သဘောတူစာချုပ်ကို ထိန်းချုပ်ရာတွင် ရုရှား၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေး နေကြခြင်းကို ကိုးကားလျက် လက်ဘရော့က ပြောကြားခဲ့သည်။ 

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမဲပေးမှုတွင် နျူကလီးယား သဘောတူစာချုပ် ထိန်းသိမ်းရေးကို ထောက်ခံသည့် အနေဖြင့် ရုရှားက ရေးဆွဲခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်းကို ပယ်ချခဲ့ရာ ရုရှားအနေဖြင့် ယင်းကိစ္စအပေါ် မကျေမနပ်ဖြစ်ခဲ့သည်။ 

 

ဆင်ဟွာ