အမေရိကန်ကာကွယ်ရေးဝန်ကြီးအော်စတင် ဆေးရုံထပ်မံတက်ရောက်နေသောကြောင့် ၎င်း၏ လုပ်ပိုင်ခွင့်များကို ဒုတိယကာကွယ်ရေးဝန်ကြီးထံ လွှဲပြောင်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ   ၁၂

အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင် ထပ်မံဆေးရုံတက်နေရပြီး ၎င်း၏လုပ်ပိုင်ခွင့်များကို  ဒုတိယကာကွယ်ရေး ဝန်ကြီးထံ ယာယီလွှဲပြောင်းပေးခဲ့သည်။

ဆီးအိမ်တွင်   အရေးပေါ်ကုသရန် ပြသနေသည့် လက္ခဏာများကြောင့် စစ်ဆေးရန် မစ္စတာအော်စတင်ကို ဝါရှင်တန်ဒီစီအနီးတွင်ရှိသည့် စစ်ဆေးရုံ တစ်ရုံစီပို့ခဲ့ရကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မစ္စတာအော်စတင်သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။ ဆေးရုံတက်ပြီး နှစ်နာရီခွဲခန့်အကြာတွင် ၎င်း၏ရုံးလုပ်ငန်းတာဝန်များကို လက်ထောက်ကာကွယ်ရေးဝန်ကြီးထံ လွှဲပြောင်းပေးခဲ့သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

ဒီဇင်ဘာလတွင် မစ္စတာ အော်စတင်သည် ဆီးကျိတ်ကင်ဆာ ခွဲစိတ်မှုခံယူခဲ့သည်။ နောက်ဆက်တွဲ ရောဂါများကို စစ်ဆေးရန် ဇန်နဝါရီလထဲတွင် ဆေးရုံတက်ခဲ့သည်။

ခွဲစိတ်မှုများနှင့် ဆေးရုံတက်ရောက်မှု အခြေအနေကို သမ္မတ ဂျိုးဘိုင်ဒင်ထံ တင်ပြရန် ပျက်ကွက်ခဲ့သဖြင့် အစိုးရ၏ စီမံခန့်ခွဲမှု အကျပ်အတည်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ယခု နောက်ဆုံးအကြိမ် ဆေးရုံတက်ရောက်မှုတွင် မစ္စတာအော်စတင်သည် အိမ်ဖြူတော်၊ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ၊ လွှတ်တော်နှင့် တခြားသူများကို အသိပေးခဲ့သည်။

အရှေ့အလယ်ပိုင်းတွင် လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းချိန်တွင် ၎င်း၏ဆေးရုံတက်ရောက်ခြင်း ပေါ်ပေါက်လာသောကြောင့် ၎င်း၏ကျန်းမာရေးကို အများစုက အာရုံစိုက်လာကြသည်။

အင်န်အိတ်ချ်ကေ