အမေရိကန်၌ ကိုဗစ် -၁၉ ကူးစက်မှုသစ်များ၏ ထက်ဝက်နီးပါးမှာ မျိုးကွဲ JN.1 ကြောင့်ဖြစ်

လော့စ်အိန်ဂျလိစ်   ဒီဇင်ဘာ   ၂၆

အမေရိကန်တွင် ကိုဗစ် -၁၉ မျိုးကွဲသစ် JN.1  လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိပြီး  နိုင်ငံအတွင်း နောက်ထပ်ကူးစက်မှုများ၏ထက်ဝက်နီးပါးမှာ   မျိုးကွဲသစ် JN.1 ကြောင့်ဖြစ်ကြောင်း  အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ )၏ ထုတ်ပြန်ချက်အရ သိရသည်။

 JN.1 သည်    လတ်တလောတွင် ကူးစက်မှုလျင်မြန်သည့်မျိုးကွဲဖြစ်နေပြီး နောက်ထပ်ကူးစက်မှု အသစ်များတွင်  အဆိုပါမျိုးကွဲကူးစက်ခံရမှုမှာ ၄၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ယခင်က ၂၁ ဒသမ ၄  ရာခိုင်နှုန်းသာရှိရာမှ  ၄၄   ရာခိုင်နှုန်းအထိ   တိုးလာခြင်းဖြစ်သည်။ နယူးဂျာစီနှင့်    နယူးယောက်အပါအဝင်   အရှေ့မြောက်ပိုင်းဒေသတို့တွင်  JN.1  မှာ  ကူးစက်မှုလျင်မြန်နေပြီး အဆိုပါ ဒေသတို့တွင်  နောက်ထပ်ကူးစက်ခံရမှု    ၇၅   ရာခိုင်နှုန်းမှာ   JN.1   ကြောင့် ဖြစ်သည်။

JN.1 ကို အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ်   စက်တင်ဘာလအတွင်းက  တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ JN.1 သည်  အခြားသောမျိုးကွဲများထက်ပို၍  ကူးစက်မှုလျင်မြန်သည်ဟု   ယူဆရကြောင်း   အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးစင်တာက ပြောသည်။

ဆင်ဟွာ