အမေရိကန်၌ မျောက်ကျောက်ရောဂါအတွက် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုကို  အဆုံးသတ်

ဝါရှင်တန်   ဖေဖော်ဝါရီ    ၃

အမေရိကန်၌ မျောက်ကျောက်  ရောဂါကူးစက်မှုများ ကျဆင်း လာပြီး မျောက်ကျောက်ရောဂါ အတွက်    ထုတ်ပြန်ထားသည့်  ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ     ထုတ်ပြန်မှုကို  အဆုံးသတ်     လိုက်သည်ဟု သိရသည်။ 

ဇန်နဝါရီ   ၃၁   ရက်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန် ထားမှုကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။   ၂၀၂၂  ခုနှစ်  ဩဂုတ် လအတွင်းက မျောက်ကျောက် ရောဂါကြောင့်  ဖျားနာခြင်းနှင့် အဖုအပိမ့်များ    ထွက်ခြင်းတို့ ဖြစ်ပွားသည့်အတွက် အရေးပေါ်  အခြေအနေ    ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။   အမေရိကန်တွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု များပြားပြီး    ဖြစ်ပွားသူဦးရေ ၃၀၀၀၀ရှိသည်ဟု  အမေရိကန် ရောဂါ       ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(စီဒီစီ)  က ပြောသည်။

ပြီးခဲ့သည့်နှစ်     ဩဂုတ်လ အတွင်းက     ရောဂါဖြစ်ပွားသူ များပြားသော်လည်း     ယခုအခါ ကူးစက်မှုနှုန်း     တဖြည်းဖြည်း  ကျဆင်းလာပြီဖြစ်သည်။   ယခု နှစ်အစပိုင်းမှ       စတင်ကာ ကူးစက်မှုနှုန်းမှာ  တစ်ရက်လျှင် ၁၀ ဦးအောက်သာရှိတော့သည်။ ရောဂါကြောင့်   အန္တရာယ်ဖြစ်မှု မှ     ရှောင်ရှားနိုင်ရန်အတွက် ကာကွယ်ဆေး  ထိုးကြရန်လည်း စီဒီစီက   ထောက်ခံချက်ပေးထား သည်။     တစ်ကမ္ဘာလုံးအနှံ့ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု နှုန်းမှာလည်း      တဖြည်းဖြည်း ကျဆင်းလာပြီဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက ပြောသည်။

အင်န်အိတ်ချ်ကေ