အမေရိကန်နဲ့ ဥရောပတို့သဘောထားကွဲလွဲနေတဲ့ ရာသီဥတုအရေး

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ဒါဗော့စ်မှာပြုလုပ်ခဲ့တဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့သောကြာနေ့က သဘောထားကွဲလွဲမှုတွေနဲ့အဆုံးသတ်ခဲ့ပါတယ်။ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံနှစ်ခုက သီဥတုဆိုင်ရာ အကျပ်အတည်းကို ဘယ်လိုအဖြေရှာမလဲဆိုတာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲရာက မပြေလည်မှုတွေနဲ့ အဆုံးသတ်ခဲ့ရပြီး ရာသီဥတု အရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေကလည်း ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်တားဆီးဖို့ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ခြင်း မရှိဘူးဆိုပြီး နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန် ဝေဖန်လျက် ရှိပါတယ်။

 

အပြန်အလှန်သဘောထားကွဲလွဲ

 

ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အကြီးဆုံးပြဿနာကို ဘယ်လိုကိုင်တွယ် ရှင်မလဲဆိုတဲ့အကြောင်းအရာကို အဓိကဆွေးနွေးခဲ့ကြတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ရက်သတ္တပတ်တစ်ခုကြာအောင် ဆွေးနွေးမှုတွေပြုလုပ် ပြီးသွားတဲ့နောက် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ နောက်ဆုံးအဖြစ်အပျက်ကတော့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်နဲ့ ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌခရစ္စတင်းလာဂါဒီတို့အကြား အပြန်အလှန်သဘော ထားတင်းမာမှုတွေ ပေါက်ဖွားလာခြင်းပါပဲ။

 

အချည်းနှီးဖြစ်

 

မစ္စတာစတီဗင်မြူချင်ဟာ ယခုရက်သတ္တပတ်အစောပိုင်းမှာရရာသီဥတု ဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘတ်ရဲ့ ယုံကြည်ချက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို အသေးစိတ်လေ့လာမှုနဲ့ ထိန်းချုပ်မှုတွေလုပ်ဆောင်ရပြီဆိုတဲ့အခါမှာ နှစ်ရှည်စီမံကိန်း တွေဟာ အချည်းနှီးပဲလို့ ၎င်းကပြောခဲ့တာဖြစ်ပါတယ်။

 

လာဂါဒီကတော့ ဒီအချက်ကို သဘောမတူပါဘူး။ ရာသီဥတုပြောင်းလဲဟာ ငွေကြေးဈေးကွက်နဲ့ စီးပွားရေးအပေါ် ခြိမ်းခြောက်မှုသက်ရောက်နိုင် တယ်ဆိုတာကို လက်ခံဖို့ အရေးကြီးတယ်။ ဒါကိုကြိုတင်မှန်းဆနိုင် သလို အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်ပြီး လျော့ပါးသက်သာစေဖို့လည်း ဆောင်ရွက်နိုင်တယ်လို့ ၎င်းရဲ့အမြင်ကို ထုတ်ဖော်ခဲ့ပါတယ်။

 

ကိုင်တွယ်ဆောင်ရွက်နိုင်မယ့်နည်းလမ်း

 

ဒီအချိန်မှာ မစ္စတာစတီဗင်မြူချင်က ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ခရစ္စတင်း၊ သင့်မှာ ဒါကိုစောင့်ကြည့်မယ့်လူတွေအများအပြားရှိ နေနိုင်လိမ့်မယ်လို့ကျွန်ုပ်ထင်တယ်။ ကျွန်ုပ်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်ဖြားမနေချင်တော့ဘူး၊ နေဝင်လာမယ့် အနှစ် ၃၀ကျော်ရောက်တဲ့ အခါ ကျရောက်လာမယ့်အန္တရာယ်တွေကို ကိုင်တွယ်ဆောင်ရွက်နိုင်မယ့် နည်းလမ်းမရှိဘူးလို့ ကျွန်ုပ်ထင်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

 

ဖော်ပြပါဂ္ဂိုလ်နှစ်ဦးရဲ့ အပြန်အလှန်အငြင်းပွားမှုတွေက ဘာကို မီးမောင်းထိုးပြနေသလဲဆိုတော့ အင်အားကြီးနိုင်ငံတွေက အခြေခံကျတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ကြဖို့ တိုက်တွန်နေကြပေမယ့်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတို့အကြားမှာ သဘောထားကွဲလွဲမှုတွေ ဆက်ဖြစ်နေတုန်းပဲ ဆိုတဲ့အချက်ကို ပေါ်လွင်ထင်ရှားစေခဲ့ပါတယ်။

 

နောက်ဆက်တွဲပြဿနတွေဆွေးနွေး

 

ဒါဗော့စ်မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ စကားဝိုင်းတွေနဲ့ ဆွေးနွေးပွဲအကြောင်းအရအများအပြားရဲ့ ခေါင်းစဉ်ဟာ ရေရှည်တည်တံ့ရေး ဆိုတဲ့ အဓိကခေါင်းစဉ်ဖြစ်ပြီး အစည်းအဝေးတက်ရောက်လာကြသူတွေနဲ့ သတင်းမီဒီယာတွေက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှုကို အနုတ်လက္ခဏာပြစေမယ့် အစီအစဉ်နဲ့ အဆိုပါကိစ္စကို Blackrock ရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟအချက်အချာအဖြစ် ထည့်သွင်းမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

 

ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးမှုမှာ ဆွေးနွေးပွဲတက်ရောက်လာ ကြတဲ့ ကိုယ်စားလှယ်အများစုက ရာသီဥတုအရေးမှာ ကြီးမားတဲ့ပြဿနာ တစ်ခုရှိနေတယ်ဆိုတာကို သဘောတူလက်ခံကြပေမယ့်လည်း နောက်ထပ် ဘာဆက်လုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်လို့ ဘုံသဘောတူညီမှုရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါဘူး။

 

 လက်တွေ့လုပ်ဆောင်မှုမရှိ

 

အစည်းအဝေရဲ့ အဓိကလူတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူ ဆယ်ကျော် သက်လူငယ် ဂရီတာ သွန်းဘတ်က ဒါလော့စ်အစည်းအဝေးကို တက်ရောက်လာကြတဲ့ပုဂ္ဂိုလ်တွေကို လက်တွေ့အလုပ်လုပ် ဆောင်ခြင်းမရှိဘဲ သိပ်စကားများတဲ့သူတွေလို့ ပြင်းပြင်း ထန်ထန်ဝေဖန်လိုက်ပါတယ်။

 

ဂရီတာက ရုပ်ကြွင်းလောင်စာတွေအတွက် ထောက်ပံ့ကြေးငွေအစီအစဉ်ကို အမြန်ဆုံးအဆုံးသတ်ဖို့ တောင်းဆိုနေပြီး စွမ်းအင်ရင်းမြစ်တွေကနေ ပြီးပြည့်စုံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်ဖို့ကို ရက်သတ္တပတ် တစ်ခုလုံး တောင်းဆိုနေခဲ့ တာဖြစ်ပါတယ်။

 

အကျပ်အတည်းတစ်ခုအဖြစ်ခံယူဖို့လို

 

အမှန်တကယ်တော့ ဒီတောင်းဆိုချက်တွေကို လုံးဝလျစ်လျူရှုခံထားရ တယ်၊ ဒါပေမယ့် ကျွန်ုပ်တို့အနေနဲ့ ကိုယ်ကျိုးအတွက် ဘာကိုမှမမျှော်လင့်ဘဲတောင်းဆိုနေခြင်းဖြစ်တယ်လို့ ရီတာသွန်းဘတ်က ရရာသီဥတုအရေးတက်ကြွ လှုပ်ရှားနေတဲ့ အခြားလူငယ်လေးဦးနဲ့အတူလုပ်ဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။လက်ရှိရင်ဆိုင်နေရတဲ့ ရာသီဥတု ဆိုင်ရာအခြေအနေကို အကျပ်အည်းတစ်ခုအနေနဲ့ ခံယူပြီး ကုစားဖို့မကြိုးစားသမျှ ကာလပတ်လုံး ကတော့ ကမ္ဘာကြီးနဲ့ စီးပွားရေးလုပ်ငန်းရှင်ခေါင်းဆောင်တွေက အခြေအနေတွေကို ဆက်ပြီးမဆိုင်သလို နေနေကြဦးမှာပဲလို့ ရီတာက ထုတ်ဖော်ပြော ဆိုခဲ့တာဖြစ်ပါတယ်။

 

စောင့်ကြည့်မယ်

 

လူငယ်တက်ကြွလှုပ်ရှားသူ လူးဝိစ်တော်ရာက ၎င်းတို့အဖွဲ့ဟာ လူထု အတွင်းမှာ မိန့်ခွန်းပြောခဲ့သူတွေ ကပေးအပ်တဲ့ ကတိကဝတ်တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို စောင့်ကြည့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကျွန်ုပ်တို့ဟာ စကားလုံးလှလှတွေနဲ့ ကြီးကြီး ကျယ်ကျယ်ပြောဆိုမှုတွေကို နားထောင်ခဲ့ရတယ်။ ဒီတော့ နောက်လာမယ့် နေ့တွေ၊ ရက်သတ္တပတ်တွေ၊ လတွေမှာ ခုလိုပြောဆိုခဲ့တဲ့ တစ်ဦးချင်းစီ တိုင်းက အပြောကနေ လက်တွေ့လုပ်ဆောင်မှုအဖြစ် အသွင်ပြောင်း လာမှာကို ကျွန်ုပ်တို့မျှော်လင့်လျက်ရှိတယ်လို့ တော်ရာက ပြောကြား ခဲ့ပါတယ်။

 

ဖန်လုံအိမ်ဓာတ်ငွေ့လော့ချရေး

 

ကွန်ဖရင့်အစည်းအဝေးကနေ ထွက်ပေါ်လာခဲ့တဲ့ ကတိကဝတ်အချို့ဟာ လာမယ့်နေ့ရက်တွေမှာ ရုပ်လုံးပေါ်လာနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စတင်ဖြစ်မြောက်လာအောင်ကြိုးပမ်းခဲ့သူ Klaus schwab က အစည်းအဝေး တက်ရောက်မှုမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ လာမယ့် ၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုညအထိဖြစ်အောင်လျှော့ချရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားတဲ့ ပေးစာတစ်စောင်နဲ့ အစည်းအဝေးစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ဖို့အရေး ကုမ္ပဏီပေါင်း ဘယ်နှခုက လက်မှတ်ရေးထိုးမှုမှာ ပါဝင်ခဲ့ကြတယ်ဆိုတာကိုတော့ အစည်းအဝေးက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

 

သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက်မှာ ဂရီတသွန်းဘတ်နဲ့ ၎င်းရဲ့ နောက်လိုက်တက်ကြွလှုပ်ရှားသူ လူငယ်တွေဟာ ဒါဗော့စ်ရှိ အဓိကလမ်းတွေထဲက တစ်ခုမှာ ဆန္ဒဖော်ထုတ်ဖို့အတွက်စုဝေးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ အစိုးရခေါင်းဆောင်တွေအနေနဲ့ လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေပေါ်ထွက်လာစေရေးလုပ်ဆောင်ဖို့ ဖိအားပေးတဲ့ လက္ခဏာတစ်ခုအနေနဲ့ တွေ့မြင်ရပါတယ်။

 

ကိုကား- စီအင်န်အင်န်