အမေရိကန်နိုင်ငံ မူလတန်းကျောင်း ပစ်ခတ်မှု သေဆုံးသူ ၂၁ ဦးရှိ

မေ ၂၅

 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခု၌ ယမန်နေ့မွန်းလွဲပိုင်းက လူအုပ်စုလိုက်ပစ်ခတ်မှုအတွင်း ကျောင်းသား ၁၉ ဦးနှင့် အခြား နှစ်ဦးတို့သေဆုံးခဲ့သည်ဟု သိရသည်။

 

ဒေသန္တရအာဏာပိုင်များက ထိုပစ်ခတ်မှုသံသယရှိသူသည် အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသား တစ်ဦးဖြစ်သည်ဟု ဆိုသည်။ ယင်းသံသယရှိသူသည် အခင်းဖြစ်ပွားရာနေရာမှာပင် ရဲတပ်ဖွဲ့၏ပစ်သတ်ခြင်းခံခဲ့ရသည်ဟု ယူဆရသည်။

 

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရပ်အဘ်ဘော့က ထိုအဖြစ်အပျက်သည် သည်းခံနိုင်ခြင်းမရှိသည့် ဆိုးရွားသော အဖြစ်ဆိုးတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

 

 ရဲတပ်ဖွဲ့က အဆိုပါသံသယရှိသူ၏ပစ်ခတ်ရသည့်အကြောင်းရင်းအပါအဝင် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ 

 

မေလ ၁၄ ရက်က နယူးယောက်ပြည်နယ်ရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဘတ်ဖာလိုတွင် ဆူပါမားကတ်တစ်ခု၌ လူဖြူသေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်။ ထိုပစ်ခတ်မှုတွင် ပစ်ခတ်ခံရသူ ၁၃ ဦးအနက် ၁၁ ဦးသည် လူမည်းများဖြစ်ကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို