အမေရိကန်နိုင်ငံ နှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေး တည်ဆောက်ရန် ဂျပန်ဝန်ကြီးချုပ် ဆူဂါ လိုလား

၂၁ ဇန်နဝါရီ

 

 

ဂျပန်နိုင်ငံ အနေဖြင့်  အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်အဖြစ်  ခိုင်မာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များအတွက်  အမေရိကန် သမ္မတသစ်နှင့် နီးကပ်စွာ လက်တွဲ ဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါက ပြောကြားခဲ့သည်။

 

 

အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင်  သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခြင်းကို ကြိုဆိုကြောင်း သတင်းထောက်များကို ဆူဂါက ယနေ့၌  ပြောကြားခဲ့သည်။

 

 

သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကာမာလာဟားရစ်တို့ ရွေးကောက်ခံရခြင်းကို ချီးကျူးဂုဏ်ပြုကြောင်း ဆူဂါက ပြောကြားခဲ့သည်။

 

 

စည်းလုံးညီညွှတ်မှုရှိဖို့ တောင်းဆိုလိုက်တဲ့ ဘိုင်ဒင်ရဲ့ အဖွင့်အမှာစကားကလည်း ကမ္ဘာကြီးအတွက် အင်မတန် အရေးကြီးတဲ့ သတင်းစကား တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

သမ္မတသစ် ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း ဆူဂါက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn