အမေရိကန်နိုင်ငံ၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဂျိုး ဘိုင်ဒင် ကျမ်းသစ္စာ မကျိန်ဆိုမီ ဝါရှင်တန်ရဲ့ မြင်ကွင်း

၂၀ ဇန်နဝါရီ

 

 

အမေရိကန် သမ္မတ ၄၆ ယောက်မြောက်အဖြစ် တာဝန်ယူမယ့် ဂျိုး ဘိုင်ဒင် ဟာ ဇန်နဝါရီ ၁၉ ရက်နေ့က ဝါရှင်တန် ဒီစီကို ရောက်ရှိလာခဲ့ပါတယ်။

 

 

ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကွန်ဂရက် လွှတ်တော်ကို ထရမ့် ထောက်ခံသူတွေက အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထောင်ချီတဲ့ စစ်သားတွေက လုံခြုံရေး တာဝန်ယူထားတာကို တွေ့ရ ပါတယ်။

 

 

ဝါရှင်တန် ဒီစီရှိ အမျိုးသားရင်ပြင်မှာ ကျင်းပလေ့ရှိတဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ပုံမှန်အားဖြင့် သန်းချီတဲ့ လူတွေ တက်ရောက်ပြီး သမ္မတကို ကြိုဆိုဂုဏ်ပြုလေ့ ရှိပါတယ်။ ဒါပေမယ့် ၄၆ ယောက် မြောက်မှာတော့ ဘိုင်ဒင်ရဲ့ အဖွဲ့က ပြည်သူတွေကို နေအိမ်တွေမှာနေဖို့ တိုက်တွန်းထားပါတယ်။ သမ္မတ ကျမ်းကျိန်ပွဲ တက်ရောက်လာမယ့် ပြည်သူတွေအစား အမေရိကန်အလန် ၂၀၀,၀၀၀ ကို ရင်ပြင် တစ်လျှောက် စိုက်ထူထားတာ တွေ့ရပါတယ်။

 

 

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ကျမ်းကျိန်ပွဲကို ထရမ့်တက်ရောက်မှာ မဟုတ်ကြောင်း သိရပါတယ်။ ထုံးစံအားဖြင့် သမ္မတ ရာထူးကနေ ဆင်းသွားမယ့် သမ္မတတွေဟာ ဆက်ခံလာမယ့် သမ္မတတွေရဲ့ ကျမ်းကျိန်ပွဲကို တက်ရောက်လေ့ရှိသလို အိမ်ဖြူတော်ကို မိတ်ဆက်ပေးလေ့ ရှိတာကို တွေ့ရပါတယ်။

 

 

သမ္မတ ထရမ့်ဟာ ကျိမ်းကျိန်ပွဲ ကျင်းပမယ့် ဗုဒ္ဓဟူးနေ့ နံနက်စောစောမှာ ဝါရှင်တန် ဒီစီကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

 

 

ဒေါ်နယ်ထရမ့်ဟာ သမ္မတ ကျိမ်းကျိန်ပွဲကို မတက်ရောက်တဲ့ လေးယောက်မြောက် သမ္မတ ဖြစ်လာတာကို တွေ့ရပါတယ်။ သမ္မတကျမ်းကျိန်ပွဲကို ရာထူးကဆင်းသွားတဲ့ သမ္မတ မတက်ရောက်ခဲ့တဲ့ နောက်ဆုံးအကြိမ်ဟာ ၁၈၆၉ ခုနှစ်က ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP