အမေရိကန်နိုင်ငံက ပိုလန်နိုင်ငံသို့ တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် ထပ်မံစေလွှတ်မည်

ဝါရှင်တန် ဖေဖော်ဝါရီ ၁၃

ယူကရိန်းနိုင်ငံအပေါ် စစ်ဘက်ဆိုင်ရာတင်းမာ မှုများ မြင့်တက်နေစဉ် ပိုလန်နိုင်ငံသို့ အမေရိကန်နိုင်ငံက တပ်ဖွဲ့ဝင် ၃၀၀၀ ကျော် ထပ်မံစေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယမန်နေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါတပ်ဖွဲ့ဝင်များအား ပိုလန်နိုင်ငံသို့ စေလွှတ်ရေးနှင့် စပ်လျဉ်းသည့် အစီအစဉ်ကို အမေရိကန် နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ အမေရိကန် တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းသည် အရှေ့ဥရောပ ဒေသတွင် ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရန် အမေရိကန်နိုင်ငံက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် လက်ရှိတွင် ပိုလန်နိုင်ငံ၊ | ရိုမေးနီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံများသို့ တပ်ဖွဲ့ဝင်များ စေလွှတ်လျက်ရှိကြောင်း သိရသည်။ သမ္မတ ဂျိုးဘိုင်ဒင်၏အစိုးရသည် ပိုလန်နိုင်ငံသို့ အမေရိကန် တပ်ဖွဲ့ဝင်စုစုပေါင်း ၁၇၀ဝ စေလွှတ်ရန် ကနဦးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတပ်ဖွဲ့များအနက် အများစုသည် မြောက်ကာရိုလိုင်းနားရှိ ဖော့ဘရက်ဒေသတွင် တပ်စွဲထားသည့်တပ်မ ၈၂ မှ လေကြောင်းချီတပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

ယခုနောက်ဆုံးဆုံးဖြတ်ချက်အရ ဥရောပဒေသသို့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် ၅၀၀၀ စေလွှတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ