နယူးယောက် အောက်တိုဘာ ၂၁
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ဂါဇာ၌ စစ်ပွဲများ အဆုံးသတ်ရေး ဆွေးနွေးရန် အစ္စရေးနှင့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားသည်။
ဘလင်ကန်သည် ဟားမားစ်ခေါင်းဆောင် ယာ့ယာစင်ဝါ သေဆုံးမှုဖြစ်ပွားပြီးနောက် ၎င်း၏ ခရီးစဉ် ကို သွားရောက်ရန် ဆုံးဖြတ်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်မှ ၂၅ ရက်အထိ သွားရောက်ရန် စီစဉ် ခဲ့ခြင်းဖြစ်သည်။၎င်းသည် အစ္စလာမ္မစ်စစ်သွေးကြွအုပ်စု ဟားမားစ်က ဖမ်းဆီးထားသည့် ဓားစာခံ များ ပြန်လွှတ်ပေးရေးနှင့် ဂါဇာ၌ ပဋိပက္ခများ အဆုံးသတ်ရေးအစီအစဉ်များဆွေးနွေးသွားရန် မျှော်လင့်ထားသည်။ ဘလင်ကန်သည် လက်ဘနွန်ရှိ အခြေအနေများကို သံတမန်နည်းအရ ဖြေရှင်း သင့်သည့် အမေရိကန်၏ သဘောထားကို သိရှိစေရန် စီစဉ်လျက်ရှိသည်။
အမေရိကန်နိုင်ငံက အပစ်အခတ်ရပ်စဲရေးအပါအဝင် အစ္စရေးနှင့် ဟားမားစ်တို့အကြား ဖြစ်ပွား နေသည့် ပဋိပက္ခများ အဆုံးသတ်ရေး တွန်းအားပေးရန် မျှော်လင့်ကြောင်း သိရသည်။
အစ္စရေးတပ်ဖွဲ့သည် ဟားမားစ်ခေါင်းဆောင် စင်ဝါသေဆုံးပြီးနောက်တွင်ပင် အထူးသဖြင့် မြောက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီး ဂါဇာတစ်ဝန်း ထိုးစစ်ဆင်မှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ