အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၂,ဝဝဝ ကျော်ရှိ

၂ ဇူလိုင်

 

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၂,ဝဝဝ  ကျော်ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၂,၈၉၈ ဦးကို ဗုဒ္ဓဟူးနေ့မှာ တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂,၆၈၂,၂၇၀ ရှိသွားကြောင်း သိရပါတယ်။

 

 

၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာလည်း ၇၀၆ ဦးရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၁၂၈,ဝ၂၈ ဦးရှိသွားပြီလို့ ဆိုပါတယ်။

 

 

အခုရက်ပိုင်းတွေ အတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ  တစ်နေ့လျှင် ၄၀,ဝဝဝ နီးပါး ရှိနေရာမှ အင်္ဂါနေ့မှာ ၄၂,၅၂၈ ဦးဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ၅၂,၈၉၈ ဦးဖြစ်လာကြောင်း သိရပါတယ်။

 

 

တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈,၇၀၆ ဦး ဖြစ်တဲ့အတွက် အရင်နေ့ကထက် လူ ၁,ဝဝဝ များလာကြောင်း သိရပါတယ်။

 

 

ကယ်လီဖိုးနီးယားမှာ မနေ့ကစပြီး စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်ကို ပိတ်ပင်လိုက်ပြီး လော့အန်ဂျလိစ်မှာ ဘားတွေ၊ ရုပ်ရှင်ရုံတွေ၊ ပြတိုက်တွေကို အနည်းဆုံး သီတင်း သုံးပတ် ပိတ်လိုက်ကြောင်း သိရပါတယ်။

 

 

မစ်ချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဘားတွေကို ပိတ်ရန် အမိန့်ထုတ်စဉ် အော်ရီဂွန်နဲ့ ပင်ဆယ်ဗေးနီးယားမှာ မျက်နှာဖုံး မဝတ်ရင် မဖြစ်ကြောင်း စည်းမျဉ်းထုတ်ပြန်ထားပါတယ်။

 

 

MDN

ကိုးကား - AFP