အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃,၀၀၀ ကျော် ရှိကြောင်း ထုတ်ပြန်

၁၀ ဒီဇင်ဘာ

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၃,၀၀၀ ကျာ် ရှိလာကြောင်း၊ အဲဒီပမာဏဟာ ဧပြီလနောက်ပိုင်းမှာ အများဆုံးဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အိမ်မှာပဲနေရန် ဆော်ဩထားပေမယ့် ပြီးခဲ့တဲ့လ အတွင်းမှာ ကျေးဇူးတော်နေ့အတွက် သန်းချီတဲ့ အမေရိကန်တွေ ခရီးသွားပြီးနောက်ပိုင်း အခုလို သေဆုံးမှုတွေ များလာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၃,၀၇၁ ဦးရှိပြီးနောက် ဗိုင်းရပ်စ်ပိုး ရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၂၈၉,၁၈၈ ဦးရှိကြောင်း သိရပါတယ်။ ရောဂါပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၂၂၀,၄၈၁ ဦးကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

 

 

လူပေါင်း ၃၃ သန်းနီးပါး နေထိုင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို ဒီသီတင်းပတ်အတွင်းမှာ အသွားအလာ ကန့်သတ်ထားပေမယ့် မနေ့က ထုတ်ပြန်ချက်မှာ ပိုးတွေ့ရှိသူ ၃၀,၀၀၀ ရှိကြောင်း သိရပါတယ်။

 

 

ရောဂါပိုး တွေ့ရှိသူတွေထဲမှ ဆေးရုံတွေမှာ ကုသခံယူနေသူဟာ ဗုဒ္ဓဟူးနေ့တွင် ၁၀၆,၀၀၀ ဦး  ရှိတဲ့အတွက် မှတ်တမ်းတင်တဲ့နေ့ ဖြစ်လာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

အမေရိကန် ကျွမ်းကျင်ပညာရှင်တွေက ဒီနေ့(ကြာသပတေးနေ့)မှာ Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ဆေးအဖြစ် လာမယ့်ရက်ပိုင်း အတွင်းမှာ အသုံးပြုနိုင်ရေး ဆွေးနွေးမယ်လို့ သိရပါတယ်။

 

 

ကပ်ရောဂါပိုး စတင်ချိန်ကစပြီး အမေရိကန်နိုင်ငံမှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၅ သန်း ခန့် ရှိနေပြီ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP