အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ လေးသိန်းကျော်ရှိပြီ

၂၀ ဇန်နဝါရီ

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စတင်ကူးစက်ချိန်ကစပြီး ကပ်ရောဂါကြောင့် သေဆုံးသူဟာ ၄၀၀,၀၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စ ာမကျိန်ဆိုခင် အကြိုနေ့မှာ ဝါရှင်တန် ဒီစီကို ရောက်ရှိလာတဲ့ ဂျိုးဘိုင်ဒင်က ကပ်ရောဂါပိုးကြောင့် သေဆုံးခဲ့တဲ့ နိုင်ငံသား ၄၀၀,၀၀၀ ကျော်ကို အောက်မေ့ သတိရတဲ့အနေနဲ့ မီးတိုင် ၄၀၀ ကို ထွန်းညှိခဲ့ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်း အတွင်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းကနေ သုံးလ အတွင်းမှာ သေဆုံးသူ ၁၀၀,၀၀၀ ကျော်သွားပါတယ်။ နောက်ထပ် လေးလ အတွင်းမှာ သေဆုံးသူ ၂၀၀,၀၀၀ ရှိပြီး၊ ပြီးခဲ့တဲ့ တစ်လအတွင်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူဟာ ၁၀၀,၀၀၀  ရှိကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၂၄ ဒသမ ၁ သန်းရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ခံစားနေရတဲ့အတွက် ဆေးရုံတွေမှာ ကုသခံယူနေသူ ၁၂၀,၀၀၀ နီးပါး ရှိကြောင်း ကိုဗစ်စစ်တမ်းအရ သိရပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ Pfizer/BioNTech နဲ့ Moderna ဆေးကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူ ၁၀ ဒသမ ၅ သန်းရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန် လိုအပ်သူ ၁ ဒသမ ၆ သန်း ရှိနေပြီဖြစ်ပါတယ်။

 

 

ရွေးကောက်ခံသမ္မတ ဘိုင်ဒင်က သူ သမ္မတ တာဝန်ရှိပြီး ရက် ၁၀၀ အတွင်းမှာ ကာကွယ်ဆေး သန်း ၁၀၀ ထိုးပေးဖို့ ရည်မှန်းထားပါတယ်။ အဲဒီရည်မှန်းချက် ပြည့်မီရန် ကျန်းမာရေးလုပ်သား ၁၀၀,၀၀၀ ကို အသုံးပြုပြီး ကာကွယ်ဆေး လှည့်လည် ထိုးပေးမယ်လို့ ဆိုပါတယ်။

 

 

MDN

ကိုးကား - AFP

mdn