အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁ သန်းကို ၆ ရက်အတွင်းတွေ့ရှိ

၁၆ နိုဝင်ဘာ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၁ သန်းကျော်ဖြစ်လာကြောင်း၊ သီတင်းတစ်ပတ်မပြည့်ခင် အချိန်အတွင်းမှာ ပိုးကူးစက်ခံရသူ ၁ သန်းဖြစ်ကြောင်း တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများနေတဲ့ ချီကာကိုမြို့မှာ ဒီနေ့(တနင်္လာနေ့)ကစပြီး နေအိမ်မှ နေထိုင်ရန် အမိန့်ထုတ်ထားပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာ ပိုးတွေ့ရှိသူ ၁၀ သန်းရှိနေရာ နိုဝင်ဘာ ၁၅ တနင်္ဂနွေနေ့မှာ ပိုးတွေ့ရှိသူ ၁၁ သန်း ရှိလာတဲ့အတွက် ၆ ရက်အတွင်း ပိုးကူးစက်ခံရသူ ၁ သန်းတိုးလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဘာတီမိုးမှာရှိတဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံတွင် ပိုးတွေ့ရှိသူ ၁၁,၀၂၅,၀၄၆ ဦးရှိပြီး သေဆုံးသူဟာ ၂၄၆,၁၀၈ ဦးရှိကြောင်း ပါရှိပါတယ်။

MDN

ကိုးကား - AFP