အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးခံစားနေရသူကို ပထမဆုံးတွေ့ရ

၂၂ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ခံစားနေရသူ ပထမဦးဆုံးတစ်ယောက်ကို  တွေ့ရှိကြောင်း မနေ့က အတည်ပြု ပြောကြားပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုးသစ်ကြောင့် ခြောက်ဦးအထိသေဆုံးပြီး လူ ၃၀၀ ကျော် ရောဂါကူးစက် ခံစားနေရကြောင်း သိရပါတယ်။

 

5

 

အမေရိကန်နိုင်ငံ ဆီယက်တဲမြို့မှာနေထိုင်တဲ့ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ တရုတ်အမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ခံစားနေပါတယ်။

 

ရောဂါပိုးခံစားနေရသူဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ပျံ့နှံ့ရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ဇာတိ ဖြစ်ပြီး သူဟာ အမေရိကန်နိုင်ငံကို ဇန်နဝါရီ ၁၅ ရက်နေ့က ဝူဟန်ကနေ ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့ဟာ အမေရိကန်အာဏာပိုင်တွေက လေဆိပ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ မပြုလုပ်ခင် နှစ်ရက်က ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံက လေဆိပ်ငါးခုမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

 

5

 

ရောဂါပိုးခံစားနေရသူဟာ တစ်ယောက်တည်း နေထိုင်သူဖြစ်ပြီး သူ့ကို ၄၈ နာရီ သို့မဟုတ်  ၄၈ နာရီကျော်ကြာ တစ်ယောက်တည်းထားပြီး ကုသပေးမှာဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP