အမေရိကန်နိုင်ငံမှာ ပိတ်ရက်တွေနောက်ပိုင်း ပိုးတွေ့ရှိသူ များလာနိုင်ကြောင်း ဒေါက်တာ ဖောက်ချီ သတိပေး

၂၈ ဒီဇင်ဘာ

 

 

အမေရိကန် နိုင်ငံမှာ ပိတ်ရက်တွေနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ များလာနိုင်ကြောင်း ထိပ်တန်းပညာရှင် ဒေါက်တာ အန်တိုနီ ဖောက်ချီက တနင်္ဂနွေနေ့မှာ သတိပေးပြောကြားပါတယ်။

 

 

ဒေါက်တာဖောက်ချီက လာမယ့်သီတင်းပတ်တွေအတွင်း အခြေအနေတွေ ဆိုးရွားနိုင်ကြောင်း ရွေးကောက်ခံသမ္မတ ဘိုင်ဒန်အား ပြောထားကြောင်း သတင်းဌာနတွေကို ပြောပါတယ်။

 

 

ရွေးကောက်ခံ သမ္မတကလည်း ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သတ်ပြီး နိုင်ငံမှာ အမှောင်ဖုံးမယ့် ရက်တွေက ရှေ့မှာကြိုနေကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံကို သတိပေးပြောကြားခဲ့ပါတယ်။

 

 

အမေရိကန် နိုင်ငံမှာ ၂၀၂၀ ခုနှစ်ရဲ့ ပိတ်ရက် ခရီးသွားခြင်းဟာ သိသိသာသာ နည်းပါးပေမယ့် ထင်သာမြင်သာတဲ့ ခရီးသွား ဦးရေတော့ ရှိနေဆဲဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ခြောက်ရက်ဆက်တိုက် လေယာဉ်နဲ့ ခရီးသွားသူ တစ်နေ့လျှင် တစ်သန်းကျော် ရှိခဲ့ကြောင်း ခရီးသွားလာရေး လုံခြုံရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

နိုဝင်ဘာလ အတွင်းမှာ ဆင်နွှဲခဲ့တဲ့ ကျေးဇူးတော်နေ့ ပိတ်ရက်အပြီး ဒီဇင်ဘာလတွင် နေ့စဉ် ပိုးတွေ့ရှိသူ ၂၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၀၀၀ ကျော် နေ့စဉ်သေဆုံးတာကိုလည်း တွေ့ရှိရပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးထိုးနှံပြီးသူ ၂ သန်းခန့်ရှိကြောင်း၊ သမ္မတ ထရမ့်ရဲ့ အစိုးရအဖွဲ့ရဲ့ လျာထားချက်ဟာ ၂၀၂၀ အကုန်ပိုင်းအတွင်း ကာကွယ်ဆေးကို သန်း ၂၀ သော နိုင်ငံသားတွေအား ထိုးနှံပေးရေး ကတိပေးထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP