အမေရိကန်နိုင်ငံ၌ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူပေါင်း ၂၀၁၇၅ ဦးရှိလာ

စက်တင်ဘာ ၂၁

 

အမေရိကန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုတို့ကြောင့် သေဆုံးမှု ၀ ဒသမ ၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့ပြီး သေဆုံးသူပေါင်း ၂၀၁၇၅ ဦးရှိလာသည်ဟု သိရသည်။

 

အဆိုပါယာဉ်မတော်တဆမှုကြောင့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်သေဆုံးမှုသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း သေဆုံးမှုအများဆုံးဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုထားသည်။

 

ထိုင်ခုံခါးပတ်ပတ်ထားခြင်းမရှိပဲ အရှိန်လွန်မောင်းနှင်ခြင်းနှင့် ခရီးသွားခြင်းတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီအချိန်ကထက် ပိုမိုများပြားကြောင်း အမေရိကန်အဝေးပြေးယာဉ် ဘေးကင်းရေး စီမံခန့်ခွဲရေးအဖွဲ့က စက်တင်ဘာ ၁၉ ရက်က ပြောကြားသည်။

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်ရောဂါဆိုင်ရာအသွားအလာပိတ်ဆို့မှုများ အဆုံးသတ်ပြီးနောက်ပိုင်း ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာသည်ဟုအမေရိကန်မီဒီယာက ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို