အမေရိကန်နိုင်ငံ၌ ဒယ်လ်တာကူးစက်မှုထက် အိုမီခရွန်ကူးစက်ဖြစ်ပွားမှုက သေဆုံးသူဦးရေ ပိုမိုများပြား

ဖေဖော်ဝါရီ ၂၂

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ်ဒယ်လ်တာကူးစက်မှုလှိုင်းထက် အိုမီခရွန်ကူးစက်မှုလှိုင်းကြောင့် သေဆုံးသူဦးရေ ပိုမိုများပြားလျက်ရှိသည်ဟု The Seattle Times ကဖော်ပြထားသည်။

 

၂၀၂၁ ခုနှစ် နိုဝင်ဘာမှစတင်ကာ နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ရောဂါကူးစက်ဖြစ်ပွားမှု ၃၀၁၆၃၆၀၀ ထပ်မံတွေ့ရှိခဲ့ပြီး ၁၅၄၇၅၀ ထပ်မံသေဆုံးခဲ့ကြောင်း အတည်ပြုထားသည်။

 

၂၀၂၁ ခုနှစ် ဩဂုတ် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ကိုဗစ်ဗီဇပြောင်းဒယ်လ်တာကူးစက်မှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ရောဂါထပ်မံကူးစက်ဖြစ်ပွားသူ ၁၀၉၁၇၅၉၀ ရှိပြီး ထပ်မံသေဆုံးသူ ၁၃၂၆၁၆ ဦးရှိသည်။

 

အိုမီခရွန်ကူးစက်ဖြစ်ပွားမှုအတွင်း သေဆုံးမှုသည် ဒယ်လ်တာကူးစက်ဖြစ်ပွားမှုထက် ၁၇ ရာခိုင်နှုန်းခန့် ပိုမိုများပြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို