အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ တစ်သန်းကျော်ရှိလာ

မေ ၁၈

 

အမေရိကန်နိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ တစ်သန်းကျော်ရှိလာကြောင်း အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ သုတေသနအချက်အလက်အရ သိရသည်။

 

 ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက အဆိုပါ ကိုဗစ်ရောဂါ  ကူးစက်ခံရမှုကြောင့် အမေရိကန်နိုင်ငံတွင် ပထမဆုံး လူသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

 

နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုအမြင့်မားဆုံးဖြစ်ပွားခဲ့ကြောင်းနှင့် ပြည်နယ်အားလုံးတွင် နေထိုင်သူများအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင်  ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ရန် မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။

 

သို့ရာတွင် BA.2 အမျိုးအစား အိုမီခရွန်မျိုးကွဲဗီဇပြောင်းဗိုင်းရပ်စ်စတင်ကူးစက်ကာ ရောဂါကူးစက်ခံရသူနှင့် အတွင်းလူနာ အရေအတွက် မြင့်တက်လာသည်ဟု သိရသည်။ ပညာရှင်များကမူ နောက်ထပ်ရောဂါကူးစက်မှုလှိုင်းဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို