အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု ၁၃၀၀၀၀ နီးပါးရှိနေ

ဇူလိုင် ၂၉

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု ၁၃၀၀၀၀ နီးပါးရှိနေဆဲဖြစ်ရာ ဖေဖော်ဝါရီလနောက်ပိုင်း ကူးစက်မှုအမြင့်ဆုံးအဆင့်ဖြစ်သည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်မှုအရေအတွက်သည် ပိုမိုမြင့်မားလာဖွယ်ရှိကြောင်း၊ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူနှင့် ဆေးရုံတက်ကုသမှုခံယူနေသူများ မြင့်တက်လျက်ရှိကြောင်း မားကတ်ဝတ်ရှ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

နိုင်ငံအတွင်း အိုမီခရွန်မျိုးကွဲ BA.5 ကူးစက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

ဆေးရုံတက်ကုသမှုသည် နေ့စဉ်ပျမ်းမျှ ၄၂၈၆၂  ဦးအထိ မြင့်တက်လာကာ နှစ်ပတ်အတွင်း ၁၂ ရာခိုင်နှုန်းအထက် ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းသည် နေ့စဉ်ပျမ်းမျှ သုံးရာခိုင်နှုန်းမြင့်တက်လာကာ ၄၂၉ အထိရှိလာသည်ဟု နယူးရောက်ခ်တိုင်းမ်ထရပ်ကာကို ကိုးကားဖော်ပြထားသည်။

 

ကိုးကားဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို