အမေရိကန်နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၈၀၀ နီးပါးရှိ

ဝါရှင်တန် ဇူလိုင် ၁၀

 

အမေရိကန်နိုင်ငံ ပြည်နယ် ၃၆ ခု၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူအရေအတွက် ၇၆၇ ဦးရှိကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

 

အဆိုပါ ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရန် ကိုင်တွယ်ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေကြောင်း နိုင်ငံ၏ ကျန်းမာရေးစနစ်အပေါ် ဆေးဘက်ကျွမ်းကျင်ပညာရှင် များက ဝေဖန်လျက်ရှိသည်။

 

နယူးယောက်ပြည်နယ်၌ မျောက်ကျောက်ရောဂါ ကူးစက် ခံရသူ ၁၅၃ ဦးရှိပြီး ရောဂါကူးစက်မှုအများဆုံးဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၌ ကူးစက်ခံရသူ ၁၃၆ ဦး၊ အီလီနွိုက် ပြည်နယ်၌ ၉၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။

 

နှစ်ကြိမ်ထိုးနှံမှုခံယူရသည့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၄၄၀၀၀ ခန့်ကို အမေရိကန်ကျန်းမာရေး နှင့် ပြည်သူ့ဝန်ဆောင်မှုဌာနက ဇူလိုင် ၁၁ ရက်မှစပြီး  နိုင်ငံအတွင်းရှိ ပြည်နယ်များသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း  သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်