အမေရိကန်နိုင်ငံ၌ မွေးနေ့ပါတီတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား လူခုနစ်ဦးသေဆုံး

မေ ၁၀

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ မွေးနေ့ပါတီပွဲတစ်ခုတွင် သေနတ်သမားတစ်ဦးက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းသေနတ်သမားနှင့် လူခြောက်ဦး သေဆုံးခဲ့သည်။

 

မြို့တော် ကော်လိုရာဒိုစပရင်းစ်တွင် တနင်္ဂနွေနေ့ညသန်းခေါင်ကျော်က ရွေ့လျားအိမ်တွင်း စားသောက်ခန်းတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိချိန်တွင် လူခြောက်ဦးသေဆုံးနေပြီး ဒဏ်ရာရသူတစ်ဦးကို တွေ့ရှိခဲ့ကြောင်းနှင့် ယင်းဒဏ်ရာရရှိသူသည် ဆေးရုံမှာပင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

 

၎င်းနေရာတွင် ကလေးငယ်များစွာရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။

 

သူ့ကိုယ်သူ ပစ်ခတ်ခဲ့သည့် ထိုသံသယရှိသူ သေနတ်သမားသည် သေဆုံးသွားသူခြောက်ဦးထဲမှ အမျိုးသမီးတစ်ဦး၏ ချစ်သူဖြစ်သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ထိုသေနတ်သမား၏ ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

 Screenshot 2021-05-10 133457.png