အမေရိကန်နိုင်ငံ၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မေ ၃၀

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အရှေ့အော့ကလန်တွင် မေလ ၂၈ ရက်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားသည်။  

အဆိုပါပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူသည် အော့ကလန်ဒေသခံတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အော့ကလန်ဒေသခံဖြစ်သော အခြားတစ်ဦးသည် ပစ်ခတ်မှုတွင်ပါဝင်သူဟု ယူဆရပြီး သေနတ်ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

၎င်း၏အခြေအနေမှာယမန်နေ့မနက်ပိုင်းအထိ စိုးရိမ်ဖွယ်ရာမရှိကြောင်းသိရသည်။ ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု တာဝန်ရှိများကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို