အမေရိကန်နိုင်ငံ၌ သီတင်းပတ်အတွင်း ကလေးငယ် တစ်သိန်းကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရ

လော့စ်အိန်ဂျလိစ် မေ ၂၅

 

အမေရိကန်နိုင်ငံ၌ လွန်ခဲ့သည့်သီတင်းပတ် အတွင်း ကလေးငယ် ၁၀၇၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်းနှင့် ၎င်းအရေအတွက်သည် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကူးစက်ခံခဲ့ရသည့် ကလေးငယ် အရေအတွက်ထက် ၇၂ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်း အမေရိကန် ကလေးအထူးကုနှင့် ကလေးဆေးရုံများ အသင်း၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

ယင်းသို့ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုသည် သီတင်းပတ်ခြောက်ပတ် ဆက်တိုက် ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်မှုရှိခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ကလေးအထူးကုနှင့် ကလေးဆေးရုံများအသင်းက ပြောကြားသည်။

 

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးငယ်စုစုပေါင်း ၁၃ ဒသမ ၃ သန်းကျော် ရှိကြောင်းနှင့် လွန်ခဲ့သည့်သီတင်းပတ် လေးပတ်တာ ကာလအတွင်း ကလေးငယ်စုစုပေါင်း ၃၁၆၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ကလေးငယ် စုစုပေါင်း ၅ ဒသမ ၄ သန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရကြောင်းလည်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်