ဝါရှင်တန် ဇန်နဝါရီ ၁၉

 

လူကြိုက်များသော ဗီဒီယိုမျှဝေသည့် အက်ပလီကေးရှင်းဖြစ်သည့် တစ်တော့သည် ဇန်နဝါရီ ၁၈ ရက် နှောင်းပိုင်းမှစပြီး အမေရိကန်နိုင်ငံ၌ အသုံးပြုမှုရပ်ဆိုင်း သွားခဲ့ကြောင်းသိရသည်။

 

လက်ရှိတွင် တစ်တော့အသုံးပြုသူများသည် အက်ပလီကေးရှင်းသို့ ဝင်ရောက်ပါက “ဝမ်းနည်းပါတယ်။ တစ်တော့အက်ပလီကေးရှင်း ဝန်ဆောင်မှုယခုမရရှိနိုင်ပါ” ဟု အသုံးပြုသူများအား ပြန်လည်တုံ့ပြန် ပြောကြားသည့် မက်ဆေ့ကို ဖော်ပြလျက်ရှိကြောင်း တစ်တော့ အသုံးပြုသူတစ်ဦးက ပြောကြားသည်။

 

အမေရိကန်နိုင်ငံ၌ တစ်တော့အက်ပလီကေးရှင်းကို တားမြစ်ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဂျိုးဘိုင်ဒင် က လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းနှင့်ပတ်သက်သည့်ကိစ္စရပ်များကို လာမည့်အစိုးရအဖွဲ့အသစ်က ဆက်လက် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းကျမ်းသစ္စာ ကျိန်ဆိုသည့်နေ့တွင် တစ်တော့အက်ပလီ ကေးရှင်းအသုံးပြုခွင့်ကို ရက်ပေါင်း ၉၀ ခန့် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက် အစောပိုင်းက ပြောကြားကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်