အမေရိကန်နိုင်ငံတောင်ပိုင်း၌ မုန်တိုင်းများတိုက်ခတ်မှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံး

မေ ၂၈

အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်၊ Arkansas၊ အိုကလာဟိုးမားနှင့် Kentucky ပြည်နယ်တို့တွင် မုန်တိုင်းများတိုက်ခတ်မှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့သည်။

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးက မုန်တိုင်းတိုက်ခတ်မှုကြောင့် ခုနစ်ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

Arkansas ပြည်နယ်အုပ်ချုပ်ရေးမှူးက ယမန်နေ့ညပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရှစ်ဦးသေဆုံးသည်ဟု အတည်ပြုပြောသည်။ Kentucky ပြည်နယ် Louisville မြို့တော်ဝန်က စနေနေ့ညက မုန်တိုင်းများတိုက်ခတ်ပြီးနောက် တစ်ဦးသေဆုံးကြောင်း ပြောကြားသည်။

Mercer မြို့တွင် တစ်ဦးသေဆုံးကြောင်း Mercer မြို့အရေးပေါ်စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ သိရသည်။ Kentucky ပြည်နယ်အုပ်ချုပ်ရေးမှူးက သုံးဦးမြောက်သေဆုံးကြောင်း အတည်ပြုပြောကြားပြီး Kentucky မြို့ငါးခုကို အရေးပေါ်အခြေအနေနယ်မြေ အဖြစ်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

အိုကလာဟိုးမားအရှေ့မြောက်ပိုင်းတွင် နှစ်ဦးသေဆုံးပြီး အခြားသောသူများဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေး တာဝန်ရှိသူများက ပြောကြားသည်။ 

၂၀၁၅ ခုနှစ်နောက်ပိုင်း တက္ကဆက်ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုသည် သေဆုံးမှုအများဆုံးဖြစ်သည်။ မစ်ဆူရီ၊ Arkansas နှင့် Kentucky ပြည်နယ်တို့ရှိ လူပေါင်း ၄၀၀၀၀၀ နီးပါးသည် မုန်တိုင်းများတိုက်ခတ်ခံရပြီးနောက် လျှပ်စစ်ဓါတ်အားများ ပြတ်တောက်သွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို