အမေရိကန်နိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်မှစတင်ကာ TikTok  နှင့်  WeChat ရယူသုံးစွဲမှုများ ပိတ်ပင်သွားမည်

ဝါရှင်တန် ၂၀ စက်တင်ဘာ

 

အမေရိကန်ပြည်ထောင်စုတွင်  စက်တင်ဘာ ၂၀ ရက်မှ စတင်ကာ  တရုတ်နိုင်ငံသားပိုင်  မိုဘိုင်း အက်ပလီကေးရှင်း များဖြစ်သည့်  Tik Tok နှင့်   WeChat တို့   ရယူသုံးစွဲမှုများ ကို   တားမြစ်သွားမည်ဟု  အမေရိကန်အစိုးရက  ပြောသည်။

 

အမေရိကန်   ကုန်သွယ်ရေးဌာနက     စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးကို    ခြိမ်းခြောက်သည်ဟုဆိုကာ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းများအား    ဆန့်ကျင်သည့်အမိန့်ကို     ဩဂုတ်လအတွင်း အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က    လက်မှတ်ရေးထိုးခဲ့သည်။

 

အမေရိကန်နိုင်ငံသားများ၏  ကိုယ်ရေးအချက်အလက် များအား တရုတ်နိုင်ငံက စုဆောင်းနေမှုများကို  နှိမ်နင်းရန် ပြတ်သားသည့် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု ကုန်သွယ်ရေးဝန်ကြီး ဝေလ်ဘာရို့စ်က ပြောသည်။

 

TikTok အသုံးပြုသူများနှင့် အဆိုပါဗီဒီယိုများ မျှဝေ ခြင်းကို    နိုဝင်ဘာ ၁၂ ရက်တွင်   ပိတ်ပင်သွားမည်ဟု ကုန်သွယ်ရေးဌာနက   ပြောသည်။ တရုတ်အစိုးရကမူ အမေရိကန်၏ ပိတ်ပင်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။   အမေရိကန်နိုင်ငံ၏  အပြုအမူသည် အပြည်ပြည် ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို လျော့ပါးသွား စေပြီး    ပုံမှန်စီးပွားရေးလှုပ်ရှားမှုများကို   နှောင့်ယှက် ဖျက်ဆီးရာရောက်သည်ဟု  စက်တင်ဘာ ၁၈  ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။       သတင်းအချက်အလက်    နည်းပညာနယ်ပယ်တွင် ထိန်းချုပ်မှုများကို   အမေရိကန် သမ္မတ ထရမ့်အစိုးရက တင်းကျပ်ခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်တို့အကြား စိတ်ဝမ်းကွဲမှုများမှာ ပိုပြီးပြင်းထန်လာခဲ့သည်။                                    

 

အင်န်အိတ်ချ်ကေ