အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆ ဒသမ ၅ သန်းကျော် ရှိလာ

၁၄ စက်တင်ဘာ

 

အမေရိကန်နိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆ ဒသမ ၅ သန်းကျော် ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE)  ပြောကြားချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၀၁၉၀၄ ဦး အထိ မြင့်တက်လာပြီး သေဆုံးသူ ၁၉၃၈၄၃ ဦး ရှိလာသည်ဟု CSSE က ပြောကြားသည်။

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် ရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး ကူးစက်ခံရသူဦးရေ ၇၅၉၄၃၇ ဦး ရှိသည်။

 

တက္ကဆက်နှင့် ဖလော်ရီဒါပြည်နယ်တို့တွင် ကူးစက်ခံရသူဦးရေ ၆၆၀၀၀၀ ကျော် ရှိသည်။

 

နယူးယောက်ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၄၄၄၃၆၅ ဦး ရှိသည်။

 

ဂျော်ဂျီယာ၊ အီလီနွိုက်စ်၊ အရီဇိုးနားနှင့် နယူးဂျာစီ အပါအဝင် အခြားပြည်နယ်များတွင် ကူးစက်ခံရသူဦးရေ ၁၉၀၀၀၀ ကျော် ရှိကြောင်း CSSE ၏ ပြောကြားချက်အရ သိရသည်။

 

ဩဂုတ်လ ၃၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ ၆ သန်းအထိ ရှိလာပြီး သီတင်းပတ်နှစ်ပတ်အတွင်း ကူးစက်သူဦးရေ သန်းတစ်ဝက် တိုးလာခဲ့သည်။

 

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်သေဆုံးမှု ဇယားတွင် အမေရိကန်နိုင်ငံသည် ယနေ့အထိ ထိပ်ဆုံး၌ ရှိနေဆဲဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို