အမေရိကန်နိုင်ငံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှုမြင့်တက်လာ

မတ် ၂၈

 

အမေရိကန်နိုင်ငံနေရာအများစုတွင် တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်လျက်ရှိသည်။ အမေရိကန်အလယ်ပိုင်း-တောင်ပိုင်းဒေသများတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု အမြင့်ဆုံးအဆင့်သို့ရောက်ရှိနေသည်ဟု  အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ( စီဒီစီ )၏ သောကြာနေ့က ထုတ်ပြန်သော အချက်အလက်အရ သိရသည်။

 

ယခုရာသီအတွင်း တုပ်ကွေးဖြစ်ပွားမှုကြောင့် ဖျားနာသူဦးရေ  ၃ ဒသမ ၁ သန်း ထက်မနည်းရှိပြီး ထိုရောဂါနှင့်ဆက်စပ်မှုကြောင့် သေဆုံးသူဦးရေ ၁၈၀၀ ရှိကြောင်း စီဒီစီက ခန့်မှန်းတွက်ချက်ထားသည်။

 

ထိုတုပ်ကွေးရောဂါနှင့် ဆက်စပ်ပြီး ဆေးရုံတက်ရောက်သော လူနာဦးရေသည် ပြီးခဲ့သည့် ရက်သတ္တပတ်ခုနစ်ပတ်အတွင်း သီတင်းပတ်တိုင်း လူနာအရေအတွက် များပြားလာသည်ဟု စီဒီစီကဆိုသည်။

 

တုပ်ကွေးရောဂါဖြစ်ပွားနေသမျှ ကာလပတ်လုံး အသက်ခြောက်နှစ်နှင့်အထက်ရှိသူတိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးနှံကြရန် စီဒီစီက ဆက်လက်အကြံပြုထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို