အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရေးလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်ပြော

ပေကျင်း ၂ ဇန်နဝါရီ 

ပေကျင်း ဇန်နဝါရီ ၁ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံခေါင်းဆောင်တို့ သဘောတူညီ ခဲ့သည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်က ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁ ရက်နေ့တွင် ကျရောက်မည့် အမေရိကန်နှင့် တရုတ်သံတမန်ဆက်ဆံရေး အနှစ်(၄၀)ပြည့် အထိမ်းအမှတ် အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူကန်က တနင်္ဂနွေနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် တရုတ်နှင့်အမေရိကန် မဟာ ဗျူဟာမြောက် ဆက်ဆံရေးမြှင့်တင်ရန်၊ အပြန်အလှန်ယုံကြည် နားလည်မှု အားကောင်းလာစေရန်နှင့် ထင်မြင်ယူဆချက်လွဲ မှားနေမှုများကို ရှောင်ရှားရန်အတွက် တစ်ဖက်နှင့် တစ်ဖက် မဟာဗျူဟာမြောက်သည့် သဘောထားရှုထောင့်ဖြင့် ရှုမြင် သင့်ကြောင်း မစ္စတာလူက တိုက်တွန်းထားသည်။


တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံအကြား လတ်တလော ဖြစ်ပွားနေသည့် ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခများကို မစ္စတာ လူက ရည်ညွှန်းလိုဟန်ရှိကြောင်း သိရသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးပုံရိပ်ကို မထိခိုက်စေရန် ရှောင်ရှားသည့်အနေဖြင့် မတူကွဲပြားမှုများကို အလေးအနက်ထားကာ ဖြေရှင်းသွားသင့်ကြောင်းကိုလည်း မစ္စတာလူက ပြောကြားခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် စနေနေ့ က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို ထူထောင်လိုသည့် သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း၌ ဖော်ပြခဲ့သည်။ 


ဆင်ဟွာ