အမေရိကန်ဉပဒေအား ဟောင်ကောင်ဆန္ဒပြသူများက ကြိုဆို

ဒီမိုကရေစီ လိုလားသူများကို အထောက်အကူပြုသည့် အမေရိကန်ပြည်ထောင်စု၏ ဉပဒေကို ကြိုဆိုရန်အတွက် ဟောင်ကောင်တွင် အစိုးရကို  ဆန့်ကျင်ဆန္ဒပြသူအများအပြား စုရုံးရောက်ရှိနေခဲ့ကြသည်။

 

5

 

ယမန်နေ့က ဟောင်ကောင်ကျွန်းတွင် အဆိုပါ ထောက်ခံပွဲသို့ တက်ရောက်ရန် လူပေါင်း ၁၀၀၀၀၀ ခန့် စုပေါင်း ရောက်ရှိနေကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။

 

ထောက်ခံပွဲတွင် ပါဝင်သူများက အမေရိကန်ပြည်ထောင်စု၏ အလံကိုမြှင့်တင်ပြီးသမ္မတ ဒေါ်နယ်ထရန့် ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေကြမ်းကို ဝမ်းသာကြောင်း ပြသခဲ့ကြပြီး အမေရိကန်နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသည်ဟု ဆိုသည်။

 

2

 

နယ်မြေ၏ အမှုဆောင်အရာရှိချုပ်ကို ရွေးချယ်ရန် တိုက်ရိုက်ရွေးကောက်ပွဲများ စတင်ခြင်းအပါအဝင် ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောပေးရန် ဟောင်ကောင်အစိုးရထံ တောင်းဆိုခဲ့ကြသည်။

 

သို့သော်လည်း အမှုဆောင်အရာရှိချုပ် ကာရီလမ်က တနင်္ဂနွေနေ့က ကျင်းပြုလုပ်သည့် ခရိုင်ကောင်စီရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိမှုအပေါ်          အယူခံဝင်ခြင်းများကို အရေးယူရန်ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

 

အမေရိကန်ဉပဒေအား ကျေနပ်အားရစွာ ထောက်ခံကြောင်း အသက် ၂၀ အရွယ် ဆန္ဒပြသူ တစ်ဉီးက ထုတ်ဖော်ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်