အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပြည်နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူလေးဦးသေဆုံး

 

ချီကာဂို ဇူလိုင် ၁၉

 

အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အင်ဒီယာနာ ပြည်နယ်တွင် တနင်္ဂနွေနေ့ညနေက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးခဲ့သည်။ အဆိုပါသေဆုံးသူများတွင် သေနတ်သမားလည်းပါဝင်ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုသည် အင်ဒီယာနာမြို့တော် တောင်ဘက် Greenwood Park ဈေးဝယ်ကုန်တိုက်ရှိ စားသောက် ဆိုင်တစ်ဆိုင်၌ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရိုင်ဖယ်သေနတ်နှင့် ကျည်ဆန်များ ကိုင်ကာ စားသောက်ဆိုင်သို့ ဝင်လာသည့် အရွယ်ရောက်သူတစ်ဦးက သေနတ်ပစ်ခတ်မှုကို ပြုလုပ်ခဲ့သည်။ သေနတ်ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ် ရာရရှိခဲ့ကြောင်း Greenwood ရဲချုပ် ဂျိမ်းစ်အိုင်စွန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

 

အခင်းဖြစ်ပွားရာနေရာတွင် လက်နက်ကိုင်ဆောင်သူတစ်ဦးက အဆိုပါ သေနတ်သမားကို ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ရဲဘက်က ယူဆလျက်ရှိသည်။

 

သေနတ် ပစ်ခတ်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အင်ဒီယာနာ မြို့တော်ရဲဌာန လက်ထောက်ရဲချုပ် ခရစ္စတိုဖာဘိုင်လေးက အများပြည်သူ စိုးရိမ်ဖွယ်အခြေအနေ မရှိကြောင်း ပြောကြားလိုက်သည်။ အဆိုပါကုန်တိုက်သည် အင်ဒီယာနာမြို့တွင် ဒုတိယအကြီးဆုံး ကုန်တိုက်တစ်ခုဖြစ်သည်။

 

ဆင်ဟွာ