အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ် ပန်းခြံတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံး လော့စ်အိန်ဂျလိစ်

 

ဇူလိုင် ၂၆

 

အမေရိကန်ပြည်ထောင်စု လော့စ် အိန်ဂျလိစ် ပန်းခြံတစ်ခု၌ ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။

 

ဒေသစံတော်ချိန် ၃ နာရီ ၄၅ မိနစ်က ပက်ပန်းခြံ ဘေ့စ်ဘောကွင်းအနီးတွင် ဖြစ်ပွားသော သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖုန်းခေါ်ဆိုမှုများ ရရှိခဲ့သည်ဟု လော့စ်အိန် ဂျလိစ်ရဲဌာနက ပြောသည်။

 

ဆေးအဖွဲ့များက သေနတ်ပစ်ခတ်မှုတွင် ဒဏ်ရာရသူ ခုနစ်ဦးကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ပြောသည်။ နှစ်ဦးသေဆုံးခဲ့ပြီး ငါးဦးမှာ ဒဏ်ရာများကို ကုသလျက်ရှိကြောင်း အဆိုပါ မီးသတ်ဌာန က ဆက်လက်ပြောကြားသည်။

 

သေနတ်ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် ခြောက်လုံးပြူး သေနတ်များတွေ့ရှိခဲ့ပြီး ၎င်းတို့ကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်းနှင့် သံသယဖြစ်နိုင်သူ မည်မျှပါဝင်နေသလဲ ဆိုသည်ကို မသိရသေးကြောင်း ရဲများက ပြောသည်။

 

အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့အနှံ့သတိထားရန် လော့စ်အိန်ဂျလိစ်ရဲ တပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

 

အဆိုပါပန်းခြံတွင် ကားပြပွဲအတွက် လူရာချီစုဝေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ရုတ်တရက်သေနတ် ပစ်ခတ်မှုဖြစ်ပွားသောအခါ လူများသည် ကြောက်စိတ်ဖြင့် ဝရုန်းသုန်းကား ထွက်ပြေးကြကြောင်း မျက်မြင်သက်သေများက ဆက်လက်ပြောကြားသည်။

 

ဆင်ဟွာ