အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာ၌  လေယာဉ်ပျက်ကျမှုကြောင့် ကိုးဦးသေဆုံး

ဝါရှင်တန် ၂ ဒီဇင်ဘာ

အမေရိကန်ပြည်ထောင်စု တောင်ဒါ ကိုတာပြည်နယ်၌ နိုဝင်ဘာ ၃၀ ရက်က လေယာဉ်တစ်စင်း မတော်တဆပျက်ကျမှုဖြစ်ပွားခဲ့ရာ ကလေး ငယ်နှစ်ဦးအပါအဝင် ခရီးသည်ကိုးဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဆောင်းရာသီမုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားချိန်တွင် လေယာဉ်ပျက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အင်ဂျင်တစ်လုံးတပ် ပီလာ တပ်စ်ပီစီ ၁၂ လေယာဉ်သည် ချမ်ဘာလိန်လေဆိပ်မှ တစ်မိုင်ခန့် အကွာအထိ ပျံသန်းထွက်ခွာလာပြီး အချိန်အနည်းငယ်အကြာတွင် ပျက်ကျခဲကြောင်း ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ အက်ဖ်အေအေက ပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် လေယာဉ်မှူးလည်းပါဝင်ပြီး လေယာဉ်ပျက်ကျမှုဖြစ်ပွားချိန် လေယာဉ်ပေါ် စီးနင်း လိုက်ပါလာသူ ၁၂ ဦးရှိကြောင်း သိရသည်။ အသက်ရှင်ကျန်ရှိသူ သုံးဦးကို Sioux Falls ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

လေယာဉ်သည် ညနေခင်းမတိုင်မီ လေဆိပ်မှ အိုင်ဒါဟို အနောက်ပိုင်း သရှိအီဒါဟိုဖောလ်စ်ဒေသလေဆိပ်သို့ ပျံသန်းထွက်ခွာလာစဉ်လမ်း၌ မတော်တဆပျက်ကျမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အေအက်ဖ်ပီ