အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ်လေးသန်းကျော် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွား

mdn

ဝါရှင်တန် ဇူလိုင် ၂၃

အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ်လေးသန်းကျော် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားလျက်ရှိကြောင်း အမေရိကန် ကလေးဆေးပညာ အကယ်ဒမီ၏ နောက်ဆုံး သတင်းထုတ်ပြန်ဖော်ပြချက်တွင် ဖော်ပြ ထားသည်။ 

ဇူလိုင် ၁၅ ရက်အထိ ကလေးငယ်ပေါင်း ၄ ဒသမ ၀၉ သန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသည်။ လွန်ခဲ့သောလ အနည်းငယ် အတွင်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခဲ့ပြီးနောက် ဇူလိုင်လတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုများ ပြန်လည် များပြားလာခဲ့သည်။ 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း၏ ၁၄ ဒသမ ၂ ရာခိုင်နှုန်းသည် ကလေးများဖြစ်သည်။
ဆေးရုံတက်ရောက်ကုသရသော ကလေးငယ်ပေါင်း ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၀ ဒသမ ၂၆ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ကြောင့် ကလေးများ ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန်ခံစားမှု ရှားပါးသည်။ သို့သော်လည်း ကလေးများအပေါ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားပါက ရေရှည်အကျိုးဆက်များ နှင့်ပတ်သက်ပြီး အချက်အလက်များကို ကောက်ယူစုဆောင်းထား သင့်ကြောင်း၊ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဗိုင်းရပ်စ်က မည်သည့်အတိုင်းအတာအထိ အန္တရာယ် ဖြစ်ပေါ်စေနိုင် ကြောင်းကိုလည်း လေ့လာထားသင့်ကြောင်း အမေရိကန်ကလေးဆေးပညာ အကယ်ဒမီက ပြောသည်။ 

ဆင်ဟွာ