အမေရိကန်ပြည်ထောင်စုတွင် ငါးရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်သန်းကျော်ရှိ

၇ ဒီဇင်ဘာ

 

 

အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာလ ငါးရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁ ဒသမ ၀၄ သန်းခန့်ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကြောင့် နေ့စဉ် ၂၀၀၀ ကျော် သေဆုံးလျက်ရှိသည်။

 

 

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ကျေးဇူးတော်နေ့ အားလပ်ရက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တိုးလာနိုင်သဖြင့် ကယ်လီဖိုးနီးယားပြည် အများစုရှိ ပြည်သူများကို အိမ်မှာပင် နေထိုင်ရမည့်အမိန့် ထုတ်ပြန်မည်ဖြစ်သည်။

 

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့အတွင်းက ကယ်လီဖိုးနီးယားပြည်နယ်တွင် ကူးစက်မှုအသစ်ပေါင်း ၃၀၀၀၀ ကျော် ရှိခဲ့သည်။

 

 

လော့အိန်ဂျယ်လိစ်မြို့ အပါအဝင် အခြားဒေသများတွင် နေထိုင်သည့်သူများသည် မရှိမဖြစ် လိုအပ်သော ခရီးများမှလွဲပြီး လာမည့်သုံးပတ်အတွင်း အိမ်မှာပင် နေထိုင်ကြရမည်ဖြစ်သည်။

 

 

လက်လီ အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုများပေးသည့် ဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။ 

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်