အမေရိကန်ပြည်ထောင်စုတွင် ရဲရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွား လေယာဉ်မှူးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၂၁

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းက ရဲရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှူးတစ်ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါရဟတ်ယာဉ်သည် Orange ကောင်တီရှိ နယူးပေါ့ဘိရှ်ဒေသတွင်  ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု Huntington Beach ရဲဌာန(HBPD)က ဆိုသည်။

 

အလွန်ဝမ်းနည်းဖွယ်ဖြစ်သည့် အမှုထမ်းသက်  ၁၄ နှစ်ကြာရှိသော အရာရှိ နီချိုလတ်ဗီလာ သေဆုံးကြောင်းနှင့် အရာရှိငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အခြေအနေစိုးရိမ်ဖွယ်ရာမရှိကြောင်း ထိုဌာန၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

 

တာဝန်ရှိသူများက ဌာန၏အခြားသော ရဟတ်ယာဉ်များကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို