အမေရိကန်ရှိ ကလေးငယ်ပေါင်း ၅၅၀၀၀၀ နီးပါး ကိုဗစ် - ၁၉ ကူးစက်ခံထားရ

mdn

ဝါရှင်တန် ၁၇ စက်တင်ဘာ

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ် -၁၉ ရောဂါ ကျရောက်ခဲ့ချိန်မှစတင်ကာ ကလေးငယ် ၅၅၀၀၀၀ နီးပါးအထိ ရောဂါကူးစက်ရပြီး ဆေးကုသမှုခံယူခဲ့ရကြောင်း အမေရိကန် ကလေးငယ်များဆိုင်ရာ ဆေးရုံအသင်းက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ဖော်ပြခဲ့သည်။

 

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ကလေးငယ် ၇၂၉၉၃ ဦးအထိ ကိုဗစ် - ၁၉ ကူးစက်ခံခဲ့ရပြီး ယင်းပမာဏသည် ရက်သတ္တနှစ်ပတ်အကြာတွင် ကလေးငယ်များအတွင်း ကိုဗစ်-၁၉ ကူးစက် ခံရမှု ၁၅ ရာခိုင်နှုန်းတိုးလာခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကလေးငယ် အရေအတွက်စုစုပေါင်းမှာ ၅၄၉၄၃၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကလေးငယ်များ ရောဂါကူးစက်ခံရမှုပမာဏသည် တစ်နိုင်ငံလုံး ရောဂါကူးစက် ဖြစ်ပွားမှုအရေအတွက်၏ ၁၀ ရာခိုင်နှုန်း ရှိသည်ဟု အစီရင်ခံစာတွင်ဆို ထားသည်။

 

အမေရိကန်ရှိ ပြည်သူ ၁ဝဝဝဝဝ လျှင် ၇၂၉ ဦးနှုန်း ရောဂါကူးစက်ခံရ ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူကြရသူများ အနက် ဝဒသမ ၆ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းမှာ ကလေးငယ် များဖြစ်ကြောင်း ကလေးငယ်များဆိုင်ရာ အမေရိကန်အကယ်ဒမီအဖွဲ့နှင့် ကလေးများဆိုင်ရာ ဆေးရုံအသင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အေအက်ဖ်ပီ