အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ဇနီး ဂျေဘိုင်ဒင်သည် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ထွက်ခွာ

mdn

ဝါရှင်တန် ဇူလိုင် ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ဇနီး ဂျေဘိုင်ဒင်သည် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ယနေ့ထွက်ခွာသွားကြောင်း သိရသည်။

ဂျေဘိုင်ဒင်သည် တိုကျိုအိုလံပစ်အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ အမေရိကန်အစိုးရ အဖွဲ့ကိုယ်စား တက်ရောက်မည်ဖြစ်သည်။

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို မျှော်လင့် စောင့်စားလျက်ရှိကြောင်း ဂျေဘိုင်ဒင်က ဂျပန်နိုင်ငံ သို့မထွက်ခွာမီ လေဆိပ်၌ သတင်းထောက်များအား ပြောကြားသည်။

ဂျေဘိုင်ဒင်သည် တိုကျိုမြို့၌ ဝန်ကြီးချုပ် ဆူဂါနှင့် ဇနီးတို့၏ ညစာစားပွဲကို တက်ရောက် မည်ဖြစ်ပြီး ဇူလိုင် ၂၃ ရက်တွင် ဂျပန်ဧကရာဇ်နှင့် ဧကရာဇ်နန်းတော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ 
ဘာသာပြန် - အောင်ကျော်ကျော်