အမေရိကန်သမ္မတဂျိူးဘိုင်ဒင်က ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံကြရန် တိုက်တွန်း

မတ် ၃၁

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံမှုခံယူကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုဗစ်ကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံမှုအဖြစ် ဖိုက်ဇာ-ဘိုင်အိုန်တက်နှင့် မိုဒါနာကိုဗစ်ကာကွယ်ဆေးတို့ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တရားဝင်ခွင့်ပြုခဲ့ပြီးနောက်တစ်နေ့တွင်  ဘိုင်ဒင်က ယမန်နေ့က ယင်းကဲ့သို့ မေတ္တာရပ်ခံ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်လေးလကျော်က ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံမှုခံယူခဲ့သော အသက် ၅၀ နှင့်အထက်အရွယ် ရှိသူများ အနေဖြင့် စတုတ္ထအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူနိုင်သည်ဟု သိရသည်။

 

အမေရိကန်နိုင်ငံတွင် ဇန်နဝါရီလလယ်ပိုင်းလောက်က ကိုဗစ်ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် ကိုဗစ် ကူးစက်သူဦးရေ လျော့ကျလာခဲ့သည်။

 

အစိုးရက  စီးပွားရေးနှင့်လူမှုရေးလှုပ်ရှားဆောင်ရွက်မှုများကို ရပ်နားခြင်းမပြုပဲ ကိုဗစ်ဆိုင်ရာအစီအမံများနှင့်ပတ်သက်ပြီး အစီအစဉ်သစ်များကို ယခုလအစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို