အမေရိကန်သမ္မတဟောင်း ထရမ့်၏ ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်အကောင့်များ မက်တာကုမ္ပဏီမှ ပြန်လည်အသုံးပြုခွင့်ပေး

ဝါရှင်တန်   ဇန်နဝါရီ    ၂၇

အမေရိကန်     သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏    ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ် အကောင့်များကို  ပြန်လည် အသုံးပြုခွင့်ပေးမည်ဟု  လူမှုကွန်ရက်မီဒီယာကုမ္ပဏီကြီးဖြစ်သည့် မက်တာ က ပြောသည်။ ၂၀၂၁  ခုနှစ်  ဇန်နဝါရီလအတွင်း  ကက်ပီတော်တွင် ကြောက်မက် ဖွယ် အဓိကရုဏ်းဖြစ်ခဲ့ပြီးနောက် အမေရိကန်         သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏  ဆိုရှယ်မီဒီယာ အကောင့်များ     ဆိုင်းငံ့ခံခဲ့ရခြင်း ဖြစ်သည်။ 

ထရမ့်၏       ဆိုရှယ်မီဒီယာ အကောင့်ကို နှစ်နှစ်တာ အသုံးပြု ခွင့် ပိတ်ပင်ခဲ့ပြီးနောက်  လာမည့် သီတင်းပတ်များအတွင်း ပြန်လည် အသုံးပြုခွင့်         ပေးတော့မည်ဟု မက်တာ   ကုမ္ပဏီမှ    တစ်ကမ္ဘာ လုံးဆိုင်ရာ        ဥက္ကဋ္ဌဖြစ်သူ နစ်ကလက်ဂျ်က   ပြောသည်။ အများပြည်သူများ အန္တရာယ် ဖြစ်စေနိုင်မှုသည်လည်း လျော့ကျ လာသည့်အတွက်     ယခုလို    ဆုံးဖြတ်ခဲ့ခြင်း     ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နိုင်ငံရေး         သမားများက အကောင်း၊ အဆိုးနှင့်  ရုပ်ဆိုး ဖွယ် ဖြစ်ရပ်များကို ပြောကြား သည်ကို ပြည်သူများကြားနာခွင့်   ရရှိသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။        သို့သော် လည်း   ယခင်ဖြစ်ရပ်အတိုင်း     နောက်တစ်ခါထပ်၍ ကျူးလွန် ပါက ပြင်းပြင်းထန်ထန်  အပြစ် ပေးမှုများနှင့်     ရင်ဆိုင်သွားရ မည်ဟု ၎င်းက သတိပေးခဲ့သည်။       တွစ်တာကုမ္ပဏီကို      အီလွန် မက်စ်  ဝယ်ယူပြီးသည့်နောက်    ထရမ့်၏   တွစ်တာအကောင့် ကို  ပြန်လည်   အသုံးပြုခွင့်ပေး ခဲ့သည်။ 

အင်န်အိတ်ချ်ကေ