အမေရိကန်သင်္ဘောကို နှစ်ပေါင်း ၇၅ နှစ်ကြာပြီးမှ ပြန်လည်တွေ့ရှိ

နယူးယောက် ၁၂  နိုဝင်ဘာ

ဂျပန်နိုင်ငံတောင်ပိုင်း ရေပြင်အနက် ပေ ၁၄၀၀ တွင် အမေရိကန် ရေငုပ်သင်္ဘောတစ်စင်းကို အမေရိကန် ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရေငုပ်သင်္ဘောကို နှစ်ပေါင်း ၇၅ နှစ်ကြာပြီးမှ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Lost 52 | Project ဟု အမည်ရသည့် ရှာဖွေရေးအဖွဲ့သည် USS Grayback ရေငုပ် သင်္ဘောကို အိုကီနာဝါစီရင်စု အဓိက ( ကျွန်းမှ အနောက်တောင်ဘက်ရေပြင်တွင် ဇွန်လအတွင်းက ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ။

ဂျပန်ရေတပ် သုတေသီ ယူတာကာ အီဝါဆာကီ၏ ခန့်မှန်းချက်ကို အခြေခံကာ ရှာဖွေမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ USS Grayback သင်္ဘောသည် ဂျပန်ရေပြင်အနီးတွင် ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှ စတင်ကာ အဆက်အသွယ်ပြတ် တောက်သွားခဲ့ခြင်းဖြစ်သည်။

ရှာဖွေရေးအဖွဲ့သည် သင်္ဘောအမည်ရေးသားထားသည့် သင်္ဘောကိုယ်ထည်နှင့် သင်္ဘောပန်ကာတို့ကို ပြသခဲ့သည်။ အဆိုပါရှဖွေရေးအဖွဲ့နှင့် ဂျပန်ရေတပ်သုတေသီတို့၏ စနစ်တကျ စုစည်းရှရှာဖွေမှုကြောင့် ရေငုပ်သင်္ဘောသည် ဂျပန်တို့၏ ဗုံးဒဏ်ကြောင့် ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် နစ်မြုပ်သွားခဲ့သည်ဟု ဖော်ထုတ်ခဲ့သည်။ အဆိုပါရေငုပ်သင်္ဘောတွင် သင်္ဘောသား ၈၀ လိုက်ပါလာခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်သင်္ဘောအများအပြားကို နှစ်မြှုပ်နိုင်ခဲ့သည့်အတွက် USS Grayback သည် နာမည်ကျော်ကြားခဲ့သည်။ ယင်းရေငုပ်သင်္ဘော နှစ်မြှုပ်ခဲ့သည့် ဂျပန်သင်္ဘောများထဲတွင် ကိုနာမာရူလည်း အပါအဝင် ဖြစ်သည်။ ကိုနာမာရုသင်္ဘောသည် အရပ်သားများစွာ အပါအဝင် လူပေါင်း ၆၀၀ ကို တင်ဆောင်ခဲ့သည့် သင်္ဘောလည်း ဖြစ်သည်။ အိုကီနာဝါရှိ နာဟာမြို့တွင် သတိမ်းမှောက်မှု၌ ပါဝင်သွားခဲ့သည့် အရပ်သားများအတွက် အထိမ်းအမှတ်ရုပ်တု တည်ဆောက်ထားခဲ့သည်။

ယခုလို ရှာဖွေတွေ့ရှိမှုကြောင့် သမိုင်းကြောင်းများစွာ ဆွေးနွေးနိုင်မည်ဖြစ်ပြီး စစ်ပွဲအတွင်းသေဆုံးခဲ့ရသည့် လူများကို မမေ့လျော့ရန် အကြောင်းတစ်ခု ဖြစ်လာမည်ဟု ယူဆကြောင်း သုတေသီ အီဆာကီ က ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ