အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်အတည်ပြုလူနာ ၇ ဒသမ ၈ သန်းကျော်လွန်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များက ဖော်ပြ

နယူးယောက်   ၁၄  အောက်တိုဘာ

အမေရိကန်ပြည်ထောင်စုတွင် အောက်တိုဘာ ၁၂ ရက်အထိ ကိုဗစ်-၁၉ ကူးစက်အတည်ပြုလူနာ ၇၈၀၂၂၈၁ ဦး ကျော်လွန်လာပြီး သေဆုံးသူ ၂၁၄၀၄၅ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်သိပ္ပံနှင့် အင်ဂျင်နီယာဌာန၏ သတင်းထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ၈၅၇၅၆၃ ဦး ရှိပြီး ပြည်နယ်များအားလုံးတွင် ကူးစက်မှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

တက္ကဆက်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၂၀၉၂၁ ဦး၊ ဖလော်ရီဒါပြည်နယ်တွင် ၇၃၆၀၂၄ ဦး အသီးသီးရှိပြီး နယူးယောက်၏ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇၀၀၀၀ ကျော်လာကြောင်း သိရသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၀၀၀၀ ကျော်လွန်လျက်ရှိသော ပြည်နယ်များမှာ ဂျော်ဂျီယာ၊ အီလီနွိုက်၊ မြောက်ကာရိုလိုင်းနား၊ အရီ ဇိုးနား၊ တင်နက်ဆီနှင့် နယူးဂျာစီပြည်နယ်တို့ဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန၏ သတင်းထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးနှင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စိတ်မကောင်းဖွယ် စံချိန်တင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့် သေဆုံးမှုပမာဏသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့် သေဆုံးမှု ပမာဏ၏ ငါးပုံတစ်ပုံခန့်ရှိကြောင်း သိရသည်။

ဆင်ဟွာ