အမေရိကန်တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၂၅ သန်းကျော်အထိ ရှိလာ

ဝါရှင်တန်၊ ၂၆ ဇန်နဝါရီ  

 

အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီ ၂၄ ရက်က ကိုဗစ်-၁၉ ကူးစက်ခံ ရသည့် အတည်ပြုလူနာအရေ အတွက် ၂၅ သန်းကျော်အထိ ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာနမှ ဖော်ပြချက်အရ သိရသည်။

 

အမေရိကန် ပြည်ထောင်စု၌ ကိုဗစ်- ၁၉ ထပ်မံကူးစက်ခံရသူ ၂၅၀၀၃၆၉၅ ဦး အထိရှိလာသည့်အပြင် ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၁၇၅၃၈ ဦး အထိရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြသည်။ နိုင်ငံအတွင်းရှိ ပြည်နယ်များအနက် ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုဗစ်- ၁၉ ကူးစက်သည့် အရေအတွက် အများဆုံးဖြစ်ပြီး ၃၁၄၇၇၃၅ ဦး ရှိသည်။ တက္ကဆက် ပြည်နယ်တွင် ၂၄၃၀၀၉ အထိ ရောဂါကူးစက်ခံခဲ့ရပြီး ဖလော်ရီဒါပြည်နယ်မှာ ၁၆၃၉၉၁၄ ဦး ရှိသည်။ နယူးယောက်၌ ၁၃၂၃၃၁၂ ဦးရှိပြီး အီလီနွိုက်ပြည်နယ်တွင် ရောဂါ ကူးစက်ခံရသူ တစ်သန်းကျော်ရှိ ကြောင်း သိရသည်။

ရောဂါကူးစက်ခံရသူ ၆၀၀၀၀၀ ကျော်ရှိသည့် ပြည်နယ်များမှာ ဂျော်ဂျီယာ၊ အိုဟိုင်းယိုး၊ ပင်ဆယ်လ်ဗေးနီးယား၊ အရီဇိုးနား၊ နယူးဂျာစီနှင့် အင်ဒီယားနားပြည်နယ်တို့ ပါဝင်ကြောင်း အချက်အလက်များက ဖော်ပြသည်။ အမေရိကန်သည် လက်ရှိ အချိန်အထိ ကမ္ဘာပေါ်တွင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုနှင့်သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံနေရာတွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံး ရောဂါကူးစက်ဖြစ်ပွားမှု ၏ ၂၅ ရာခိုင်နှုန်းရှိကာ တစ်ကမ္ဘာလုံး သေဆုံးနှုန်း၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဖော်ပြချက်အရ သိရသည်။

 

ဆင်ဟွာ