အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အစည်းအဝေး (၂/၂၀၂၄) ကျင်းပ

နေပြည်တော် ဇူလိုင်

 

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီအစည်းအဝေး (/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပူးတွဲကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လုပ်ငန်းအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် အကောက်ခွန်ဦးစီးဌာနက Measures (၂၄)ခု၊ ကုန်သွယ်ရေးဦးစီး ဌာနက Measures (၇) ခုနှင့် စားသုံး သူရေးရာ ဦးစီးဌာနက Measures (၂) ခုတို့ကို ဦးဆောင် အကောင်အထည် ဖော်ဆောင်ရွက်ကြပါကြောင်း၊ လုပ်ငန်းတိုးတက်မှုအနေဖြင့်  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် မတ်လအတွင်း Measures (၅) ခု ထပ်မံအကောင်အထည်ဖော် ပြီးစီးခဲ့သည့်အတွက် WTO Website တွင်ဖော်ပြထားသော မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုရာခိုင်နှုန်း (Implementation Rate) သည် ၁၈ဒသမ၉ ရာခိုင်နှုန်းမှ ၂၇ဒသမ၇ ရာခိုင်နှုန်းသို့ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ကို လက်တွေ့အကောင် အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းပါဝင် အကောင်အထည်ဖော်ကြရန်၊ တိုးတက်မှုအခြေအနေများ၊ တွေ့ကြုံရသောအခက်အခဲများနှင့် အကြံပြုချက်များကို ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

 

 

ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေရေးနှင့် စပ်လျဉ်း၍ WTO Website တွင် ဖော်ပြထားချက် အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ကျင်းပခဲ့သည့် (/၂၀၂၄) အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ပြီးမြောက်မှုရာခိုင်နှုန်းမှာ ၁၈ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ယခုနှစ်၊ ဇွန်လတွင် ၂၇ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး၊ LDCs အကောင်အထည် ဖော်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ WTO Trade Facilitation Database Website တွင် ဖော်ပြထားချက်အရ ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော်ပြီးမြောက်မှု ရာခိုင်နှုန်းမှာ ၇၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး၊ LDCs အကောင်အထည်ဖော်မှု ရာခိုင်နှုန်းမှာ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိလာ မည်ဖြစ်၍ ယခင်ကထက် ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင် ရွက်မှုတိုးတက်မှုများကို ဆန်းစစ်မှုများ အမြဲပြုလုပ်ရန်နှင့် လိုအပ်ချက်များနှင့် အားနည်းချက်များကို ဝိုင်းဝန်းညှိနှိုင်း ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကော်မတီအစည်းအဝေးကို အစီအစဉ်အတိုင်းကျင်းပရာ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့ () ဖွဲ့မှ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြကြရာ ကော်မတီဝင်များ၏ ဆွေးနွေးမှုများအပေါ် ကော်မတီ ဥက္ကဋ္ဌနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသောလုပ်ငန်း စဉ်များကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များက ဆောင်ရွက်ရမည့် အစီအမံများ သတ်မှတ် Definitive Date အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစဉ်တစ်လျှောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ကော်မတီပူးတွဲဥက္ကဋ္ဌက နည်းပညာအကူ အညီရယူရန် လိုအပ်သော Category C ‌အောက်ရှိ Measures များ အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ အကူအညီများရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ အစိုးရဌာနများ အနေဖြင့်လည်း ခေတ်မီ လုပ်ထုံးလုပ်နည်းများဖြင့် အခွန်ကောက်ခံ နိုင်ကြမည် ဖြစ်သည့်အပြင်  ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုများ ပိုမိုလျင်မြန်တိုးတက်လာခြင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးရာရောက်သဖြင့် နိုင်ငံ၏ စီးပွားရေးကို များစွာအကျိုးပြုစေ နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)