အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်အကြောင်း တစေ့တစောင်း

mdn

သတင်းဆောင်းပါး - သန်းထိုက်

 

မြန်မာပြည်တစ်ဝန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူတို့အနေနဲ့ မိမိတို့အနာဂတ်ထွန်းလင်းတောက်ပရန် တက္ကသိုလ်များအသီးသီးမှာ ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ရာ မိမိတို့စိတ်ဝင်စားရာဘာသာရပ်များအလိုက် သင်ကြားနိုင်ရန် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်(NMDC) နဲ့ မိတ်ဆက်ပေးလိုပါတယ်။

 

ရန်ကုန်မြို့ ဗိုလ်တထောင်စေတီ တော်အနီး ဗိုလ်တထောင်ဘုရား လမ်း၊ ကုန်သည်လမ်းတို့ပေါ်မှာရှိတဲ့ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်ဟာ အဆင့်မြင့်ပညာများကို သင်ကြားပေးနေတဲ့ကျောင်း ဖြစ်ပါတယ်။ အထူးပြုဘာသာရပ် လေးခုကို သတ်မှတ်စံနှုန်းနဲ့အညီ ကျောင်းသား ကျောင်းသူများ တက်ရောက်နိုင်တဲ့အပြင် တက္ကသိုလ် ဝင်တန်းအောင်မြင်ရုံနဲ့ သက်မွေး ဝမ်းကျောင်းပညာရပ်များကို လပိုင်းအတွင်း တတ်မြောက်နိုင်တဲ့ အခွင့်အရေးကိုလည်း ယခုကျောင်းမှာ သင်ကြားပေးနေတဲ့ အတွက် သက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု အနေနဲ့ အထောက်အကူဖြစ်စေပြီး ဘာသာရပ် လေးမျိုးကို သင်ကြားပေးတာကြောင့် ကျောင်းသား ကျောင်းသူတို့အနေနဲ့ ကျောင်းပြီးသည်နှင့် အလုပ် အကိုင်အခွင့်အလမ်း ၇၂ ရာခိုင်နှုန်းရရှိတာကြောင့် ကျောင်းသူများ အထူးစိတ်ဝင်စားတဲ့ကျောင်းဆိုရင် လည်း မမှားပါဘူး။ ကျန်သည့် ၂၈ ရာခိုင်နှုန်းသော ကျောင်းသား ကျောင်းသူတို့မှာ ပြည်တွင်း ပြည်ပမှာ ဘွဲ့လွန်သင်တန်းများကို ဆက်လက်တက်ရောက်ကြတဲ့အတွက် ဖြစ်ပါတယ်။ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှာ တက်ရောက်သင်ကြားမယ်ဆိုရင် အောက်ပါအချက်များကို သိရှိစေလိုပါတယ်။

 

ဝင်ခွင့်လျှောက်ထားနိုင်မည့် အမှတ်များ

 

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ တက်ရောက်ရန် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ အနိမ့်ဆုံး အမှတ်များမှာ Bechelor of Business Manage-ment  နှင့် English for Professional Purposes ဘာသာတို့အတွက် အမှတ် ၄၄၀ အထက် ၊ Tourism and Hospitality Management နဲ့ Journalism ဘာသာရပ်အတွက် အမှတ် ၄၃၀ အထက်ရရှိထားတဲ့ ကျောင်းသား ကျောင်းသူများ ဝင်ခွင့်ကို လျှောက်ထားနိုင်ပါတယ်။ ယခုနှစ်မှာ ပထမဆုံးအကြိမ် အဖြစ် အွန်လိုင်းကနေ လျှောက်ထားနိုင်သလို ကျောင်းကို တိုက်ရိုက်လာပြီး လျှောက်တဲ့ ကျောင်းသား ကျောင်းသူတို့အနေနဲ့ကျောင်းက စီမံ ဆောင်ရွက်ပေးထားတဲ့ ကွန်ပျူတာမှာ ကိုယ်တိုင်ကျောင်းဝင်ခွင့်ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

 

အထောက်အပံ့ကောင်းများရရှိ

 

ဝ၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင် ထားသူများသာ လျှောက်ထားနိုင်ပြီး ကျောင်းသား ကျောင်းသူများအနေနဲ့ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ဗိုလ်တထောင်မြို့နယ် အမှတ်(၂၇၃/၂၇၉)၊ ကုန်သည်လမ်းမှာရှိတဲ့ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ ကောလိပ်ကျောင်းသားရေးရာဌာနမှာ ဝင်ခွင့်လျှောက်ထားနိုင်ပြီးတော့ ဘွဲ့ကြို ဘာသာရပ် လေးခုကို ဤကျောင်းကြီးမှ ဘယ်လိုသင်ကြားပေးနေကြောင်းကို ထဲထဲဝင်ဝင်သိရှိ လေ့လာလိုလျှင် ဩဂုတ်လပထမပတ်မှာ ဆရာ ဆရာမ များနဲ့ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ စီနီယာ ကျောင်းသား ကျောင်းသူတို့ကရှင်းလင်းပြောကြားမယ့် အစီအစဉ်လည်း ရှိပါတယ်။ လာရောက် လေ့လာပြီး မိမိနှစ်သက်ရာဘာသာကို ရွေးချယ်ဖို့ အထောက်အပံ့ကောင်းများကို ရရှိစေမှာပါ။

 

ဘွဲ့ ကြိုအထူးပြုဘာသာရပ်များ

 

ထူးပြုဘာသာရပ်များအနေနဲ့ Business Management ဘာသာရပ်၊ English for Professional Purposes ဘာသာရပ်၊ Tourism and Hospitality Management ဘာသာရပ်၊ Journalism ဘာသာရပ်တို့ ဖြစ်ပါတယ်။ ထိုဘာသာရပ်များအားလုံးကို တက္ကသိုလ်နေ့သင်တန်းများအတိုင်း အချိန်ပြည့်တက်ရောက်သင်ယူရမှာဖြစ်ပြီးတော့ စာတွေ့၊ လက်တွေ့ကို သင်ထောက်ကူပစ္စည်း စုံလင်စွာနဲ့ သင်ယူလေ့လာရမှာဖြစ်ပါတယ်။ သင်ကြားတဲ့အခါမှ Power Point နဲ့ သင်ကြားပြသပြီးတော့ စာသင်ချိန်တစ်ချိန်ပြီးလို့ နောက်တစ်ချိန်မှာ ပထမသင်ကြားခဲ့မှုကို ပြန်လည်ဆန်းစစ်သုံးသပ်လေ့ကျင့်သင်ကြားမှုကြောင့် တစ်နှစ်ထက်တစ်နှစ် သင်ကြားမှုရဲ့ ထူးခြား တိုးတက်မှုကို ကျောင်းသား ကျောင်းသူ များကိုယ်တိုင် လက်တွေ့သိရှိနိုင်ကြပါတယ်။

 

လက်ခံပေးမည့်ဦးရေ

 

Business Management  ဘာသာရပ်အတွက် ၁၅၀ ၊ English for Professional Purposes ဘာသာရပ်အတွက် ၅၀၊ ourism and Hospitality Management ဘာသာရပ်အတွက် ၁၅၀၊ Journalism ဘာသာရပ်အတွက် ၅၀ တို့ကို ကျောင်းသားဦးရေ သတ်မှတ်ချက်အတိုင်း တက်ရောက်သင်ကြားနိုင်မှာဖြစ်ပြီး EPP ဘာသာရပ်ကိုတော့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ပင်လုံဆောင်မှာ သင်ကြားရမှာ ဖြစ်ပါတယ်။ နယ်မှ ကျောင်းသား ကျောင်းသူတို့အတွက် အဆောင်နေထိုင်မှုကိုလည်း စီမံဆောင်ရွက်ပေးထားပါ တယ်။ NMDC ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၁၆၀ဝ ခန့်ပညာသင်ကြား လျက်ရှိပြီး အထူးပြုဘာသာရပ်လေးခုအတွက် လေးနှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။

 

အပ်နှင်းသောဘွဲ့

 

ပညာသင်နှစ်တစ်နှစ်လျှင် Sနာနျအနမ နှစ်ခုတက်ရောက်ရမှာဖြစ်ပြီး စုစုပေါင်း Semester ရှစ်ခု တက်ရောက်အောင်မြင်ပြီးသူများကို ဘွဲ့အပ်နှင်းတာဖြစ်ပါ တယ်။ အပ်နှင်းသောဘွဲ့များက BBM ဘွဲ့ ၊ BA(EPP) ဘွဲ့၊ BTHM ဘွဲ့၊ BA (Journalism) ဘွဲ့များကို ရရှိမှာဖြစ်ပါတယ်။

 

ဒီပလိုမာ

 

Diploma in Tourism Studies and Management ဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်းသင်တန်းကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တစ်နှစ်တစ်ကြိမ် ကြော်ငြာ ခေါ်ယူလျက်ရှိပြီးတော့ သင်တန်းချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းကာလဟာ ကိုးလပါ။

 

အချိန်ပိုင်းသင်တန်း

 

မျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အနေနဲ့ ကျောင်းသား ကျောင်းသူတို့ ကို အချိန်ပိုင်းသင်တန်းများခေါ်ယူပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ် လျက်ရှိပါတယ်။ အချိန်ပိုင်းသင်တန်း အမှတ်စဉ်(၂)ကို ဇွန် ၁၁ ရက်ကစပြီး ဖွင့်လှစ်ပို့ချလျက် ရှိပါတယ်။ Certificate in Business Management (CBM)၊ Certificate in Mass Communication (CMC)၊ Certificate in Tourism Management (CTM)၊ Cartificate in Business English Level 1,2 (1.CBE, 2.CBE) စတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်အလိုက် သုံးလစီ တက်ရောက်ရမှာဖြစ်ပြီး တစ်နှစ်မှာ အချိန်ပိုင်းသင်တန်းကို နှစ်ကြိမ် ခေါ်ယူသင်ကြားပေးလျက်ရှိပါတယ်။

 

အကြံပြု

 

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ တက်ရောက်ပညာသင်ကြား လိုတဲ့ ကျောင်းသား ကျောင်းသူတို့ကို ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်တင်တင် ထွေးက ယခုလိုအကြံပြုထားပါတယ်။

 

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ ဘယ်လိုပညာရပ်တွေ သင်ကြား ပေးနေတယ်ဆိုတာကို NMDC Facebook မှာ ဝင်ရောက်ကြည့်ရှုလို့လည်း ရပါတယ်။ ဒီကျောင်းမှာတက်မယ်ဆိုရင် အမှတ်က အရေးကြီးပါတယ်။ တက္ကသိုလ် ဝင်တန်းအောင်မြင်အောင် ကြိုးစားခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ရမှတ်ကို အလေးထားတာကြောင့်ဝင်ခွင့်စာမေးပွဲ၊ နှုတ်ဖြေစာမေးပွဲမရှိဘဲ ရမှတ်နဲ့ တိုက်ရိုက် လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ပြီးတော့ ဒီနှစ်ကစပြီး On-line Application နဲ့လျှောက်ထားနိုင်ပါပြီ။ တစ်ဆက်တည်းကျောင်းမှာလည်း ဝင်ခွင့်ကို တိုက်ရိုက် လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးထားပြီးတော့ ကျောင်းသား ကျောင်းသူတွေကို စီမံပေး ထားတဲ့ ကွန်ပျူတာမှာ ကိုယ်တိုင်ဝင်ခွင့် လျှောက်လွှာကို တင်ရမှာပါ။

 

ကျောင်းမှာသင်ကြားနေတဲ့ ဘာသာရပ်တွေအကြောင်းနဲ့ ဘွဲ့ရပြီးသွားရင် ဘာတွေ ဆက်လုပ်နိုင်မလဲဆိုတာကိုသိဖို့ ဇူလိုင်လကုန် ဒါမှမဟုတ် ဩဂုတ် လဆန်းမှာ ဆရာ ဆရာမတွေနဲ့ ဘွဲ့ရပြီး ကျောင်းသား ကျောင်းသူတွေက အသိပေး ရှင်းလင်းမယ့်ပွဲလည်း လုပ်ဆောင်ဖို့ရှိတာကြောင့် ဝင်ခွင့်လျှောက်မယ့် ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် လာရောက်လေ့လာလို့ရပါတယ်။ မိမိတို့သားသမီးတွေ ဘယ်လိုပညာရပ်ကို စိတ်ပါဝင်စားပြီး သင်ယူချင်လိုတယ်ဆိုတာကို အဲဒီလိုပွဲမှာ တွေ့ မြင်သိရှိခွင့်ရမှာပါ။ သင်ကြားရေးပိုင်းမှာလည်း Power Point နဲ့ သီအိုရီ ပိုင်းကိုသင်ကြားပြီးတော့ အဲဒီသီအိုရီလက်တွေ့ ဘယ်လိုသုံးလို့ရတယ်ဆိုတဲ့ အုပ်စုလိုက် လုပ်ဆောင်လေ့ကျင့်ရပါတယ်။ တတိယနှစ်မှာ လုပ်ငန်းခွင်သဘာဝ ကို သိမြင်အောင် နှစ်လကနေ ခြောက်လ ကွင်းဆင်းလေ့လာပြီး ကျောင်းကို ပြန်ဝင်ရပါတယ်။ လက်တွေ့လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်ပြဿနာ တစေ့ တစောင်းသိရှိပြီး လိုအပ်ချက်တွေကိုလည်း သိမြင်လာစေမှာပါ။ နောက်ဆုံးနှစ်မှာ Case to Concept  ကို သင်ကြားပေးပါတယ်။ သင်ကြားမယ့် ဘာသာရပ် အကြောင်းအရာကို ကျောင်းသားတွေနဲ့ ဆွေးနွေးမှုအရင်ပြုလုပ်ပြီး ဖြစ်ပေါ်လာ တဲ့ပြဿနာကို အဖြေရှာတတ်အောင် ရှင်းလင်းထောက်ပြပြီး ဒါဟာဘယ်လို သီအိုရီဆိုတာကို သင်ကြားပေးပါတယ်။ စာမေးပွဲပေါ်မှာ အကဲဖြတ်တာမဟုတ်ဘဲ ကျောင်းသား ကျောင်းသူတွေ လက်တွေ့လုပ်ဆောင်ချက်တွေပေါ်မှာပဲ အကဲဖြတ်ပါတယ်။ ကျောင်းသားတွေအားလုံး ပါဝင်ဆွေးနွေး တတ်ရမယ်၊ ပူးပေါင်းဆောင်ရွက် တတ်ရမယ်၊ တစ်ဦးချင်းလိုက်၊ အဖွဲ့လိုက် တင်ပြဆွေးနွေး တတ်အောင် သင်ကြားပေး ပြီးတော့ အဲ့ဒီအတွက်လည်း အမှတ်ပေးပါတယ်။

 

ဆရာ ဆရာမ ၅၀ နဲ့ သင်ကြားပေးရာမှာ ပြင်ပတက္ကသိုလ်က ဆရာ ဆရာမ တွေ၊ စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံခြားတက္ကသိုလ်တွေမှာ သင်ကြားခဲ့တဲ့ဆရာ ဆရာမတွေလည်း အချိန်ပိုင်းသင်ကြား ပေးတာလည်းရှိတာကြောင့် ကလေးတွေ ရဲ့ အလုပ်အကိုင်အခွင့်အလမ်းဟာ ပိုပြီးလမ်းပွင့်စေပါတယ်။ လူငယ်တွေရဲ့ တွေးခေါ်မှု၊ လုပ်ဆောင်မှု၊ ပါဝင်မှုဟာ အရေးကြီးတာကြောင့် ဒီကျောင်းမှာ လူငယ် တွေကိုပဲ ဦးဆောင်ပြီး လုပ်ဆောင်စေပါတယ်။ ဝင်ခွင့်လျှောက်မယ့် ကျောင်းသား ကျောင်းသူအပေါင်း မိမိတို့စိတ်ပါဝင်စားရာ၊ ဝါသနာပါရာဘာသာရပ်အလိုက် ရွေးချယ်သင်ကြားဆည်းပူးနိုင်ကြပါစေ၊ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိကြပါစေ၊ တိုင်းပြည်အတွက် အထောက်အပံ့ကောင်းများကို ဖော်ဆောင်နိုင် ကြပါစေလို့ ပြောကြားလိုပါတယ်။

 

သက်ဆိုင်ရာတက္ကသိုလ်များဖြစ်တဲ့ သင်းပျံ့မွှေးကြိုင် ပန်းမျိုးစုံလှိုင်သင်းနေတဲ့ ဥယျာဉ်ကြီးမှာ လာရောက်နားခိုကြတဲ့ ရောင်စုံလိပ်ပြာများပမာ နားခိုကြမယ့် ကျောင်းသား ကျောင်းသူတို့အနေနဲ့ မိမိတို့ဘဝအနာဂတ်ပန်းခင်းသောလမ်းလိုသင်းပျံ့လှပ၍ တိုင်းပြည်အနာဂတ်ကို အကျိုးပြုစေမည့် ပညာရပ်များ လေ့လာဆည်းပူးသင်ကြားနိုင်စေရန် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် အကြောင်း ကို ဖော်ပြလိုက်ရပါတယ်။  ပွင့်သောပန်းတိုင်းမွှေးပျံ့သင်းကြိုင်ကြပါစေ....။