အမျိုးသားစီမံကိန်းတွင် ထည့်သွင်းလျာထားသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းလျာထားသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုး သားစီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာဌာနများမှ အဆိုပြုလျာထားသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် သက်ဆိုင်ရာ ဌာနများမှ တင်ပြထားသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားသည်။ 

ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်မှုအခြေအနေနှင့် အချက်အလက်များအပေါ် အကြံပြု ဆွေးနွေးတင်ပြကြရာ အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး စီမံကိန်း ရည်မှန်းချက်များကို သတ်မှတ်ချိန် အတွင်း အချိန်မီပြုစု ပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်